News

POST TYPE

RELAX

Facebook ပေါ်မှာဖတ်စရာ
15-Sep-2016

Facebook အသုံးပြုရင်း ဆေးပညာနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ရှာမှီးလိုပါသလား။

#ဒေါက်တာလွှမ်းမိုးဟန် (Dr Hlwan Moe Han) ဆိုတဲ့ စာမျက်နှာကို ပြောပြလိုပါတယ်။

ဘာသာပြန်စာပေ၊ ဝတ္ထုတို၊ အခန်းဆက်ဝတ္ထုရှည်၊ အက်ဆေး၊ ဆောင်းပါးတွေ၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ဆေးပညာဆိုင်ရာ ဆောင်းပါး၊ လူမှုရေးရာ စာပေတွေ ရေးသားနေတဲ့ ဒေါက်တာလွှမ်းမိုးဟန်ရဲ့ လက်ရာတွေကို စုစည်းထားတဲ့ စာမျက်နှာ တစ်ခုပါ။

ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သိကောင်းစရာတွေ၊ ခြင်ကနေတစ်ဆင့် ကူးစက်တဲ့ ဇီကာရောဂါပိုး အကြောာင်း၊ HIV/AIDS နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အချက်အလက်အသစ်တွေကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားတဲ့ ဆောင်းပါးတွေကို ဖတ်ရှုရမှာပါ။

ဒါ့အပြင် ဆေးပညာနဲ့ ပတ်သက်တဲ့ အသုံးအနှုန်းတွေ၊ အခေါ်အဝေါ်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ရေးသားထားတဲ့ ဆောင်းပါးတွေကိုလည်း ဖတ်ရှုရမှာပါ။

တကယ်လို့ စိတ်ဝင်စားလို့ ဖတ်ချင်တယ်ဆိုရင်တော့ Serch Box ထဲမှာ ဒေါက်တာလွှမ်းမိုးဟန် (Dr Hlwan Moe Han) လို့ ရိုက်ရှာနိုင်ပါတယ်။

www.facebook.com/ဒေါက်တာလွှမ်းမိုးဟန်Dr-Hlwan-Moe-Han-2022…/… လင့်ကနေ တစ်ဆင့်လည်း သွားရောက်ဖတ်ရှုနိုင်ပါတယ်။