News

POST TYPE

TIP

ဘဝအတွက် လိုအပ်တဲ့ သူငယ်ချင်း (၃) မျိုး
29-Dec-2016

ဖြတ်သန်းရတဲ့ ဘဝတစ်လျှောက် မိတ်ဆွေ သူငယ်ချင်း အမျိုးမျိုးကို လူတိုင်း ကြုံတွေ့ကြရပြီး မိတ်ဆွေ သူငယ်ချင်းတွေကြား ပေါင်းသင်း ဆက်ဆံရေးတွေဟာလည်း နှစ်တွေ ကြာလာတာနဲ့အမျှ ပြောင်းလဲမှုတွေ ရှိလာတတ်ပါတယ်။ သို့ပေမယ့် ဘယ်လို ပြောင်းလဲမှုတွေပဲရှိရှိ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်ဖို့အတွက် ဒီသူငယ်ချင်း အမျိုးအစား (၃) မျိုးကို အမြဲတမ်း လိုအပ်ပါတယ်။

(၁) တိုးတိုးဖော်သူငယ်ချင်း
သင်နဲ့ ဘာလိုလိုဖြစ်နေတဲ့ လူအကြောင်းကစလို့ သင့်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အဆုံး ဘာမဆို ပြောပြတိုင်ပင်လို့ရမယ့် သူငယ်ချင်း တစ်ယောက် သင့်ဘဝမှာ မဖြစ်မနေ လိုအပ်ပါတယ်။ သင့်အနေနဲ့ တွန့်ဆုတ်နေစရာမလို ပွင့်ပွင့်လင်းလင်း တိုင်ပင်လို့ရပြီး သင့်ကို အကြံဉာဏ်တွေ နှစ်သိမ့်မှုတွေ ရင်းရင်းနှီးနှီး ပေးနိုင်သူ ဖြစ်ရပါမယ်။ ဒီလိုသူငယ်ချင်းမျိုး ရှိထားမယ်ဆိုရင် သင်ဟာ အခက်အခဲတွေကြုံရတဲ့အခါ လမ်းကြောင်းမှန်ကို ရွေးချယ်နိုင်ပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ အလျင်စလို အပြုအမူတွေကိုလည်း ရှောင်နိုင်ပါလိမ့်မယ်။

(၂) အားကိုးရတဲ့သူငယ်ချင်း
ဒီသူငယ်ချင်းကတော့ သင့်ရဲ့ နေ့စဉ် ဘဝကို ပိုမို လွယ်ကူစေပါလိမ့်မယ်။ သူက လမ်းကြုံ မုန့်ဝယ်ခိုင်းတာတို့ ၊ အင်္ကျီငှားဝတ်တာတို့ ဒါမှမဟုတ် ကလေး ထိန်းခိုင်းတာတို့လို့ တစ်ခုခု အကြောင်းရှိတဲ့အခါ အားကိုးလို့ရမယ့်သူမျိုးပါ။ ဒီလို သူငယ်ချင်းမျိုးဟာ သင့်ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို မျှယူပေးသလို သင်အရေးအကြောင်းရှိတိုင်း အကူအညီ တောင်းလို့ရတဲ့သူ တစ်ယောက်ယောက် ရှိနေတယ်ဆိုတဲ့ အသိဟာ သင့်ကို စိတ်သက်သာရာ ရစေပါတယ်။ နောက်တစ်မျိုး တွေးကြည့်မယ်ဆိုရင် သင်ကိုယ်တိုင်က သင် ဂရုစိုက်သူ တစ်ယောက်ယောက်ကို ကူညီနိုင်မယ်ဆိုရင်လည်း စိတ်ကျေနပ်စရာပါပဲ။

(၃) ပျော်တတ်တဲ့ သူငယ်ချင်း
သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ဖြုန်းရတာကို မကြိုက်တဲ့သူ မရှိပါဘူး။ လုပ်ဖော်ကိုင်ဖက်တွေ မိသားစုတွေနဲ့လည်း ပျော်ပျော်ပါးပါး နေလို့ရတာပဲ ဆိုပေမယ့် စိတ်ရှုပ်စရာတွေကို ခဏတဖြုတ် မေ့ထားပြီး ပျော်စရာတွေကို အတူတူ လုပ်နိုင်မယ့် သူငယ်ချင်း တစ်ယောက်က သင့်ကို ပိုမို လွတ်လပ်မှု ပေးနိုင်ပါတယ်။ တာဝန်ဝတ္တရားတွေ သံယောဇဉ် အနှောင်အဖွဲ့တွေ ဘာမှမပါတဲ့ သူငယ်ချင်းနဲ့ဆိုရင် သင်ဟာ တခြားသူတွေနဲ့လို မဟုတ်ဘဲ စိတ်လွတ်လက်လွတ် အပြည့်အဝ ပျော်နိုင်ပါလိမ့်မယ်။

Ref : motto.time.com


  • VIA