News

POST TYPE

TIP

ဆူညံပူညံ လုပ်သော မိခင်များ၏ သမီးများ ပိုမို အောင်မြင်ကြ
28-Dec-2016

အမေက အချိန်ရှိသရွေ့ မျက်စိဒေါက်ထောက် ကြည့်ပြီး စာလုပ်ဖို့ ကျောင်းသွားဖို့ စသဖြင့် တစာစာ ပြောနေတာကို သမီးတွေက ငယ်သေးတဲ့ အချိန်မှာတော့ ဘယ်လိုမှကြိုက်မှာ မဟုတ်ပေမယ့် နောက်ကြီးလာတဲ့အခါမှာ အမေ လုပ်သူကို ကျေးဇူးတင်လာပါလိမ့်မယ်။

အင်္ဂလန်နိုင်ငံမှာရှိတဲ့ University of Essex က ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရဆိုရင် မရမက တွန်းအားပေးနေတတ်တဲ့ မိခင်တွေရဲ့ သမီးတွေဟာ သိပ်တွန်းအားမပေးတဲ့ မိခင်တွေရဲ့ သမီးတွေထက် အရွယ် ရောက်တဲ့အခါ အောင်မြင်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။

အဲဒီတက္ကသိုလ်ရဲ့ သုတေသန ပညာရှင်တွေဟာ အသက် ၁၃ နှစ် ၁၄ နှစ်အရွယ် မိန်းကလေးပေါင်း ၁၅၅၀၀ ဝန်းကျင်ကို ၂၀၀၄ ကနေ ၂၀၁၄ ခုနှစ် စောင့်ကြည့် လေ့လာခဲ့တဲ့အခါ တင်းကြပ်တဲ့ မိခင်တွေရဲ့ သမီးတွေဟာ တက္ကသိုလ် ပညာရေးအထိ ဆက်လက် သင်ကြားနိုင်ဖို့နဲ့ လစာကောင်းတဲ့ အလုပ်အကိုင်တွေရဖို့ ရာခိုင်နှုန်း ပိုများတာကို တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် ငယ်ငယ်ရွယ်ရွယ် ဆယ်ကျော်သက် ဘဝမှာတင် ကိုယ်ဝန်ဆောင်မိခင် ဖြစ်တဲ့နှုန်းဟာလည်း ဒီမိန်းကလေးတွေမှာ ဖြစ်ဖို့ အခွင့်အလမ်း နည်းပါးတယ်လို့ ဆိုပါတယ်။

ဒီတော့ ဆူညံပူည ံလုပ်တာဟာ အဆိုးချည်းပဲလို့ မဆိုနိုင်ဘူး မဟုတ်လား။ အနည်းဆုံးတော့ သမီးတွေ အိမ်စာ မလုပ်ချင်တဲ့အခါ ဒါကိုပါ တစ်ခါတည်း ထည့်ပြောလို့ ရပြီပေါ့။

Ref : goodhousekeeping.com


  • VIA