News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
23-Dec-2016

ခုလိုမျိုး တီဗီ၊ ဖုန်း၊ အင်တာနက် စတဲ့ ဖျော်ဖြေရေး ပစ္စည်းတွေ များများစားစား မရှိခဲ့သေးတဲ့ ငယ်ဘဝတုန်းက ကာတွန်း စာအုပ်တွေ၊ ကာတွန်း စာစောင်တွေက ဖျော်ဖြေရေး ပစ္စည်းတွေပါပဲ။

အဲ့ဒီလို ကာတွန်းစာအုပ်တွေ၊ စာစောင်တွေနဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ကြရတဲ့ သူတွေအဖို့ ငယ်ငယ်တုန်းက ဖတ်ခဲ့ရတဲ့ ရွှေသွေးတွေ၊ ကာတွန်းစာအုပ်တွေကို တမ်းတမ်းတတနဲ့ ပြန်ဖတ်ချင်တာမျိုးလည်း ရှိကြမှာပါ။

ခုလို အင်တာနက်ခေတ်ထဲမှာ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကာတွန်း စာစောင်တွေကို ပြန်ဖတ်နိုင်ဖို့ ဆိုတာကလည်း သိပ်မခက်ခဲတော့ပါဘူး။

ငယ်ငယ်က အတူတူ ကြီးပြင်းခဲ့ကြရတဲ့ ကာတွန်းစာစောင်တွေထဲက ရွှေသွေး ဂျာနယ်ကို အလွယ်တကူ ဖတ်ရှုနိုင်မယ့် နေရာတစ်ခုကို သတင်းကောင်းပေးရင်း လက်တို့ ပြောပြချင်ပါတယ်။

ဖေစ်ဘွတ် အသုံးပြုနေရုံနဲ့ ပြန်လည် ဖတ်ရှုနိုင်မှာပါ။ Search Box မှာ ရွှေသွေး ဂျာနယ်များလို့ ရိုက်ထည့်ပြီး ရှာလိုက်တာနဲ့ အဲ့ဒီစာမျက်နှာ ကျလာမှာပါ။

အဲ့ဒီစာမျက်နှာမှာ ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ရွှေသွေး ဂျာနယ်တွေကို ပြန်တင်ပေးထားတာမို့ စိတ်တိုင်းကျ ဖတ်ရှုနိုင်ပါတယ်။

ဓာတ်ပုံရိုက်ပြီး တင်ထားရုံတင်မကဘဲ PDF ဖိုင်လည်း တင်ထားပေးတာမို့ ပြန်သိမ်းထားချင်သူတွေ အတွက်လည်း အဆင်ပြေမှာပါ။

ကဲ … ရွှေသွေး ချစ်သူတို့ရေ https://www.facebook.com/shwethwayjournal/?fref=ts ဆိုတဲ့ လင့်ကနေ တစ်ဆင့်လည်း သွားရောက် ဖတ်ရှုနိုင်တယ်နော်။


  • VIA