News

POST TYPE

TIP

သင့်အိမ်ကို ရှုပ်ပွနေစေတဲ့ အပိုပစ္စည်းတွေ
22-Dec-2016

(၁) တကယ်မဝတ်တဲ့ အဝတ်အစားတွေ
အဝတ်ဗီရိုမှာ နောက်ထပ် အဝတ်တွေ ထည့်လို့ မရလောက်အောင် ပြည့်သိပ်နေပြီဆိုရင် သင် တကယ် မဝတ်ဘဲ ပိုနေတဲ့ အဝတ်တွေ ရှိနေတာ သေချာပါပြီ။ သင်နဲ့ မလိုက်ဖက်လို့ပဲဖြစ်ဖြစ် မတော်လို့ပဲဖြစ်ဖြစ် မဝတ်တဲ့ အဝတ်အစားတွေကို နှမြောမနေဘဲ ရှင်းထုတ်ပစ်လိုက်ပါ။ တစ်ခါတစ်လေ ဝတ်ဖြစ်မလားဆိုပြီး လိုလိုမယ်မယ် သိမ်းထားတဲ့ အဝတ်အစားတွေချည်း သုံးပုံ တစ်ပုံလောက်အထိ နေရာယူနေမှတော့ သင့်ဗီရို ရှုပ်ပွနေတာ မဆန်းပါဘူး။

(၂) ပိုနေတဲ့ အလှပြင် ပစ္စည်းတွေ
ဝယ်ထားပြီးမှ လိမ်းကြည့်လို့ သင်နဲ့ မတည့်တဲ့ မိတ်ကပ်တွေ ဖောင်ဒေးရှင်း ခရင်မ်ဘူးတွေ နောက်ပြီး ပွဲတွေ အခမ်းအနားတွေ ရှိမှ လိမ်းဖြစ်တဲ့ အလှပြင် ပစ္စည်းတွေကအစ မှန်တင်ခုံမှာ အကုန် တင်ထားတာဟာ အသုံး မဝင်သလို ခုံလည်း ရှုပ်ပါတယ်။ သင့်အမြဲလိုလို လိမ်းဖြစ်တာလောက်ကိုပဲ တင်ထားပြီး ကျန်တာတွေကို ဖယ်သင့်တာဖယ် သိမ်းသင့်တာ သိမ်းထားကြည့်ပါ။

(၃) သင့်နေထိုင်မှု ပုံစံနဲ့မကိုက်တဲ့ အိမ်သုံးပစ္စည်းတွေ
ကြက်ဥကြော်တဲ့ ပုံစံခွက်လေးတွေ ပန်းကန်အဆန်းတွေစတဲ့ သင့်ရဲ့ နေ့စဉ် နေထိုင်မှုပုံစံမှာ အသုံးမဝင်တဲ့ အိမ်သုံး ပစ္စည်းလေးတွေက အတိုအထွာလေးတွေဆိုပေမယ့် တော်တော်လေး နေရာ ယူပါတယ်။ ကြောင်အိမ်တွေ နံရံကပ် ဗီရိုတွေထဲကနေ လိုတဲ့ပစ္စည်းတစ်ခုခု ထုတ်တော့မယ်ဆိုတဲ့အခါ မလိုအပ်တာတွေကြား အတော်လေး ရှာရဖွေရတော့မှာပါ။ နဂိုရှိပြီးသား မလိုတဲ့ တိုလီမိုလီတွေကို ရှင်းပစ်သလို သင့် မကြာခဏ သုံးဖြစ်မှာ မဟုတ်တဲ့ ပစ္စည်း အဆန်းအပြားတွေကိုလည်း ထပ်မဝယ်သင့်တော့ပါဘူး။

(၄) အခွေတွေ
ခုခေတ်မှာ ရုပ်သံလိုင်းတွေ ပေါများလာသလို အိုင်တီ နည်းပညာကလည်း တိုးတက်လာပါပြီ။ သင်ကြိုက်တဲ့ ရုပ်ရှင်ကားတွေ သီချင်းတွေကို အရင်လို အခွေတွေ အထပ်လိုက် အပုံလိုက်ဖြစ်တဲ့အထိ စုထားမယ့်အစား ကွန်ပျုတာနဲ့ External Hardisk တွေထဲ စုသိမ်းထားတာ ပိုကောင်းပါတယ်။ အိမ်လည်း ရှင်းသလို တစ်နေရာရာကို သွားတဲ့အခါမှာလည်း အားလုံးကို ကိုယ်နဲ့ တစ်ပါးတည်း ယူသွားနိုင်ပါသေးတယ်။

Ref : rd.com


  • VIA