News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
09-Nov-2016

 

အားလပ်ရက်တွေမှာ အစားအသောက်တွေ ချက်ပြုတ်ပြီး စားသောက်ကြတာကလည်း မိသားစုနဲ့အတူ ပျော်ပျော်ပါးပါး အချိန်းဖြုန်းနိုင်တဲ့ နည်းလမ်း တစ်ခုပါ။

 

အဲ့ဒီလိုတော့ ကိုယ့်မိသားစုနဲ့ ချက်ပြုတ် စားသောက်ချင်ပါရဲ့၊ ကိုယ်က ချက်ပြုတ်တတ်တဲ့သူ မဟုတ်တဲ့အတွက်လည်း စိတ်မပူပါနဲ့။

 

ခုလိုအချိန်မှာ အင်တာနက် အလွယ်တကူ သုံးလို့ ရလာတဲ့အတွက် တစ်ခုခု သိချင်တာရှိရင် အွန်လိုင်းကနေ ရှာဖွေ ဖတ်ရှုဖို့လည်း လွယ်လာပါပြီ။

 

ချက်နည်း ပြုတ်နည်းတွေ ဆိုရင်လည်း အိမ်မှာ စာအုပ် ဝယ်ထားစရာ မလိုတော့ဘဲ အွန်လိုင်းပေါ်ကနေ တစ်ဆင့် ဖတ်ရှုနိုင်တဲ့ စာမျက်နှာတွေလည်း အများအပြား ရှိပါတယ်။

 

အဲ့ဒီလို ချက်နည်း ပြုတ်နည်းတွေ ရေးသား ဖော်ပြထားတဲ့ ဖေစ့်ဘွတ် စာမျက်နှာ တစ်ခုကို ပြောပြချင်ပါတယ်။

 

Chaw Su's Food Friends ဆိုတဲ့ စာမျက်နှာပါ။

 

အဲ့ဒီ စာမျက်နှာမှာ ဟင်းချက်နည်း ပြုတ်နည်းတွေကို ပြည့်ပြည့်စုံစုံနဲ့ အသေးစိတ် ရှင်းလင်း ဖော်ပြထားတာမို့ မချက်တတ်ကြတဲ့ သူတွေအတွက် အဆင်ပြေစေမှာပါ။

 

ဆီပြန်ဟင်း၊ အသီးအရွက်ကြော်၊ အသုတ် အမျိုးမျိုး စတဲ့ ဟင်းတွေကို သာမက မုန့်သိုင်းခြုံ၊ ထပ်တစ်ရာ၊ အာပူလျှာပူ၊ ကြက်ဥ ပလာတာ၊ သကြား ပလာတာ စတဲ့ မုန့်လုပ်နည်းတွေကိုလည်း အသေးစိတ် ပြည့်ပြည့်စုံစုံ ဖော်ပြထားတာမို့ အားလပ်ရက်မှာ ချက်ပြုတ် စားသောက်ပြီး အချိန်ဖြုန်းချင်ကြတဲ့သူတွေ ဖတ်ရှုနိုင်အောင် ပြောပြလိုက်တာပါ။

 

https://www.facebook.com/ChawSusFoodFriends/ ဆိုတဲ့ လင့်ခ်ကနေတစ်ဆင့် သွားရောက် ဖတ်ရှုနိုင်ပါတယ်။



  • VIA