News

POST TYPE

TIP

ငိုကြွေးတတ်သူတွေက ပိုပြီး စိတ်ဓာတ် မာကြောသူများဖြစ်ကြောင်း သက်သေပြနေတဲ့ အချက် (၅) ချက်
07-Nov-2016

ပျော်ရွှင် ရယ်မောခြင်းက လူသား အားလုံးအတွက် ကောင်းမွန်တဲ့ အရာ တစ်ခုလို့ အားလုံးက လက်ခံထားကြပါတယ်။ ဒါပေမယ့် ငိုကြွေးခြင်းကိုတော့ ကောင်းတဲ့အရာ တစ်ခုအဖြစ် လက်မခံထားကြတဲ့အပြင် ကျန်းမာရေးအတွက်လည်း ထိခိုက်စေတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် မကြာခဏ ငိုကြွေးတက်သူတွေက တကယ်တမ်းမှာ စိတ်ဓာတ် မာကျောသူတွေ ဖြစ်နေတယ်ဆိုတာ သက်သေပြနေတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ ကိုယ့်ခံစားချက်ကို ဖော်ပြရန် ဝန်လေးသူများ မဟုတ်

ပျော်ရွှင်သွားတဲ့အခါ ရယ်မောပစ်လိုက်ဖို့ သင်ဟာ ဝန်လေးတက်သူ မဟုတ်ဘူးဆိုရင် အကြောင်း တစ်ခုခုကြောင့် ငိုချင်လာတဲ့ အခါလည်း ငိုကြွေးလိုက်ဖို့ တွန့်ဆုတ် မနေသင့်ပါဘူး။ သင့်မှာ ငိုကြွေးခွင့်၊ ဝမ်းနည်းခွင့် အပြည့်အဝ ရှိပြီးသားပါ။ လိမ်ညာ လှည့်စားမှုတွေထဲမှာ ကိုယ့်ကိုကိုယ် ပြန်လှည့်စားမှုက အဆိုးဆုံး ဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ကိုကိုယ် မညာပဲ ဝမ်းနည်းတဲ့အခါ လူကြားထဲမှာ ဖြစ်နေရင်တောင် ငိုသာချလိုက်ပါ။

၂။ လိင်ခွဲခြား ဆက်ဆံတတ်သူများ မဟုတ်

အမျိုးသမီးတွေ ငိုကြွေးတဲ့အခါ သာမန်လို့ သဘောထားပေမယ့် အမျိုးသားတွေ ငိုတဲ့အခါ လှောင်ချင်ကြသူတွေ ရှိပါတယ်။ ငိုကြွေးခြင်းဟာ ပြင်ပ ခန္ဓာကိုယ် နာကျင်မှုကြောင့် မဟုတ်ပဲ စိတ်ဒဏ်ရာကြောင့် ရတဲ့ နာကျင်မှုတွေက သာလို့သာ ဆိုးပါတယ်။ ဒီတော့ သူတို့ ကိုယ်တိုင် လူရှေ့သူရှေ့ မရှောင် ငိုကြွေးတတ်သူတွေဟာ အခြားသူတွေ ငိုကြွေးတာကို ကျား၊ မ ခွဲခြားပြီး လှောင်ပြောင်တတ်သူတွေ မဟုတ်ပါဘူး။

၃။ အခြားသူများကို နားလည်သူများဖြစ်

အခြားသူတွေ ခံစားရတဲ့အခါ ဘယ်လိုမျိုး ဆိုတာကို သူတို့ ခံစားနိုင်စွမ်း ရှိပါတယ်။ ကိုယ့်ရဲ့ စိတ်ဒဏ်ရာကို ဖုံးကွယ် မထားပဲ ငိုကြွေးပစ်လိုက်ဖို့၊ ဖွင့်ထုတ်ပစ်လိုက်ဖို့ သူတို့ ကိုယ်တိုင် တိုက်တွန်း တက်ကြသူတွေပါ။ စိတ်ခံစားမှုတွေကို ငိုကြွေးခြင်း၊ ဖွင့်ထုတ် ပစ်လိုက်ခြင်းနဲ့ မဖြေဖျောက်တဲ့အခါ စိတ်ထဲမှာ တစ်စတစ်စ များလာတက်ပြီး နောက်ဆုံးမှာ အဆိုးရွားဆုံး အခြေအနေကို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ငိုတက်သူတွေဟာ ဝမ်းနည်းသူ အချင်းချင်း ကူညီပေးတတ်ကြသူတွေပါ။

၄။ မျက်ရည်ရဲ့ စွမ်းအား

ငိုကြွေးခြင်းမှာ အရမ်း အစွမ်းထက်တဲ့ စွမ်းအင် တစ်မျိုး ရှိပါတယ်။ အဲဒါကတော့ နာကျင် ခံစားရမှုကို ချက်ခြင်း ပြေလျော့သက်သာ သွားစေတာ ဖြစ်ပါတယ်။ ငိုကြွေးတက်သူတိုင်း ဒါကို သိပါတယ်။ စိတ်ထဲမှာ အရမ်း နာကျင်ခံစား လာရတဲ့အခါ ငိုကြွေးလိုက်ပြီးရင် ဝေဒနာ တစ်ဝက်လောက် သက်သာသွားသလို ခံစားရပါတယ်။

၅။ ကျန်းမာရေး ကောင်းကျိုး

စိတ်ကျန်းမာရေး ရောဂါတွေ ကုသဖို့အတွက် လေ့လာတဲ့ သုတေသီတွေ အဆိုအရ ငိုကြွေးခြင်းကြောင့် ဦးနှောက်ကို သက်ရောက်မှုဟာ ခန္ဓာကိုယ်ထဲမှာ မော်ဖင်းဓာတ် ရလာသလို ဖြစ်သွားစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နာကျင်မှုကို ပိုပြီး သက်သာသွားစေတဲ့အပြင် ဦးနှောက် စွမ်းဆောင်ရည်ကိုပါ ပိုကောင်းသွားစေတယ်လို့ ထောက်ခံ ထားကြပါတယ်။ သေချာတာကတော့ ငိုကြွေးခြင်းကြောင့် ကိုယ်ထဲမှာရှိတဲ့ ဓာတ်ဆိုးတွေ၊ ဆိုးရွားတဲ့စိတ် အခြေအနေတွေ လျော့ပါးသွားတယ် ဆိုတာပါပဲ။

Ref : Lifehack.org


  • VIA