News

POST TYPE

TIP

Facebook ပေါ်မှာ ဖတ်စရာ
03-Nov-2016

ကိုယ် သိချင်တာကို အလွယ်တကူ ရှာဖွေ ဖတ်ရှုလို့ရတဲ့ ဒီနေ့လို ခေတ်ကြီးထဲမှာ နိုင်ငံတကာက ဘောလုံးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေနဲ့ Highlights တွေ တင်ဆက်ပေးနေတဲ့ ဖေစ့်ဘွတ် စာမျက်နှာ တစ်ခုကို ပြောပြချင်ပါတယ်။

ဘောလုံး ဝါသနာရှင် တော်တော်များများ သိပြီးသား ဖြစ်နိုင်ပေမယ့် မသိသေးတဲ့သူတွေအတွက် ပြောပြလိုက်တာပါ။

Football_Cafe_broadcasting & highlights ဆိုတဲ့ စာမျက်နှာပါ။

ဒီစာမျက်နှာဟာ Football Cafe စာမျက်နှာရဲ့Facebook စာမျက်နှာခွဲ တစ်ခုပဲ ဖြစ်ပါတယ်။

အဲ့ဒီစာမျက်နှာမှာ ဘောလုံးပွဲ Highlights တွေကို ဖော်ပြထားတာကြောင့် ကိုယ် မကြည့်လိုက်ရတဲ့ ဘောလုံးပွဲမှာ ဘယ်လိုတွေ ကန်သွင်းခဲ့တယ်၊ ဘယ်လို နည်းလမ်းနဲ့ ဂိုးတွေ ရရှိခဲ့တယ်၊ ဘယ်လို လွဲချော်မှုတွေ ရှိခဲ့တယ် ဆိုတာကို သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ဒါတွေတင်မက အဲ့ဒီ စာမျက်နှာမှာ ဘောလုံး အသင်းတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံး သတင်းတွေကိုလည်း ဖော်ပြပေးထားတာမို့ ဘောလုံး ဝါသနာရှင်တွေ သွားရောက် ကြည့်ရှုနိုင်အောင် ပြောပြလိုက်ပါတယ်။

https://www.facebook.com/FC.myanmar/ ဆိုတဲ့ လင့်ကနေ တစ်ဆင့်လည်း သွားရောက် ကြည့်ရှုနိုင်ပါတယ်။


  • VIA