News

POST TYPE

TIP

မြန်မာပြည်တွင်း အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်အောင် Facebook အသုံးချခံခဲ့ရဟုဝန်ခံ
08-Nov-2018

ကာလီဖိုးနီးယား၊ နိုဝင်ဘာ ၇ 

မြန်မာနိုင်ငံတွင် အကြမ်းဖက် တိုက်ခိုက်မှုများဖြစ်ပေါ်ရန် Facebook လူမှုကွန်ရက်အား ပလက်ဖောင်းတစ်ခုအဖြစ် အသုံးပြုခြင်းကို ကာကွယ်ပေးနိုင်ခဲ့ခြင်းမရှိဟူသော အစီရင်ခံချက်တစ်ရပ်၏အဆိုကို လက်ခံသဘောတူကြောင်း လူမှုကွန်ရက် Facebook က ထုတ်ဖော်ပြောကြားလိုက်သည်။

Facebook ကပင် ကမကထပြု စီစဉ်သည့် အစီရင်ခံစာတစ်ခုတွင် Facebook လူမှုကွန်ရက်ပလက်ဖောင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေနိုင်သည့် အနေအထားတစ်ရပ်ကို ဖန်တီးပေးခဲ့သည်ဟု ဖော်ပြသည်။

ကုလသမဂ္ဂက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းရှိ ဘင်္ဂါလီ (ရိုဟင်ဂျာ) မွတ်ဆလင်များကို ကျယ်ကျယ်ပြန့်ပြန့် အကြမ်းဖက်တိုက်ခိုက်မှုများ ရှိနေသည်ဟု ထုတ်ဖော်ပြောဆိုပြီးနောက် Facebook က ယင်းအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းလည်းဖြစ်သည်။

သို့အတွက်ကြောင့် လူမှုကွန်ရက် Facebook အနေနှင့် ၂၀၂၀ ပြည့်နှစ် မြန်မာ့ဒီမိုကရေစီရွေးကောက်ပွဲမတိုင်မီကာလတွင် လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်စေသည့် အနေအထားမျိုးမဖြစ်ပေါ်ရန် သို့မဟုတ် လူမှုကွန်ရက်ကို ယင်းသို့ အသုံးချခြင်းမျိုးမရှိစေရန် မှန်ကန်စွာ လုပ်ဆောင်သွားမည်ဖြစ်သည်ဟုဆိုသည်။ 

မြန်မာနိုင်ငံတွင် Facebook သုံးသူ စုစုပေါင်း ၁၈ သန်းကျော်ရှိရာ Facebook သည်ပင် လူအများစုအတွက် သတင်းများ ဖြန့်ဝေရာ၊ ဖတ်ရှုရာတစ်ခုတည်းသော ကွန်ရက်သဖွယ်ဖြစ်နေသည်။

မကြာသေးခင်က Facebook က မြန်မာနိုင်ငံနှင့်ပတ်သက်သော ယင်း၏ပြဿနာများနှင့် အခက်အခဲများကို ဝန်ခံပြောဆိုခဲ့သည်။ သို့သော်လည်း မြန်မာနှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်စရာ မြောက်မြားစွာကျန်ရှိနေသေးသည်ဟု ဆိုသည်။

F-01