News

POST TYPE

TIP

သာယာတဲ့ အိမ်ထောင်ရေး ဖြစ်ဖို့ ကိုယ့်အိမ်ထောင်ဖက်ကို မကြာခဏ ပြောသင့်တဲ့ စကား (၇) ခွန်း
12-Oct-2016


၁။ ဒီနေ့ ဘာထူးသေးလဲ၊ အဆင်ပြေလား 

အလုပ်ကနေ ဒါမှမဟုတ် အပြင်သွားပြီးလို့ အိမ်ပြန်ရောက်တဲ့အခါ ဒီနေ့ ဘာထူးသေးလား၊ အဆင်ပြေလားလို့ မေးတဲ့အလေ့အကျင့်က တစ်ယောက်ရဲ့ တစ်နေ့တာ ဖြတ်သန်းမှုကို တစ်ယောက် သိရှိနေအောင် ပြောပြဖြစ်ဖို့ ကူညီပေးနိုင်ပြီး အိမ်ထောင်ရေးမှာ အဆင်ပြေမှုတွေ တိုးလာစေနိုင်ပါတယ်။ 

၂။ သိပ်တော်တာပဲ 

အလကားနေရင်း ချီးကျူးနေတာမျိုး မဟုတ်ပေမယ့် အသေးအဖွဲ ကိစ္စလေးမှာပဲဖြစ်ဖြစ် သူ ထူးထူးခြားခြား လုပ်လိုက်နိုင်တာမျိုး တွေ့ရင် ချီးကျူးလိုက်ဖို့ မေ့မနေသင့်ပါဘူး။ ဒီလို ချီးကျုးလိုက်ခြင်းဖြင့် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လေးစားမှု တိုးပွား လာနိုင်ပါတယ်။ 

၃။ သိပ်အလိုက်သိတာပဲ 

ကိုယ်က မပြောရဘဲနဲ့ ကိုယ့်အတွက် လိုအပ်နေတာ တစ်ခုခုကို သူက အလိုက်တသိ လုပ်ပေးလာခဲ့ရင် အဲဒီလို လုပ်ပေးတဲ့ လုပ်ရပ်အပေါ် အသိအမှတ် ပြုဖို့လည်း မမေ့လိုက်ပါနဲ့။ 

၄။ ဒီကိစ္စတို့ ဘယ်လို လုပ်ကြရင် ကောင်းမလဲ 

အပန်းဖြေ ခရီးထွက်တာကနေ မိသားစု ငွေရေးကြေးရေး ကိစ္စအထိ တိုင်တိုင်ပင်ပင် လုပ်ဖို့လိုအပ်တယ် ဆိုတာကတော့ အထူး ပြောနေဖို့တောင် လိုမယ် မထင်ပါဘူး။ ဒါကြောင့် ဘာကိစ္စပဲရှိလာ၊ ရှိလာ တိုင်ပင်တဲ့ စကားမျိုး ပြောကြဖို့ လိုပါတယ်။ 

၅။ ကြည့်လို့ ကောင်းတယ်၊ လှတယ် 

ဘယ်အရွယ်ပဲရောက်ရောက်၊ အိမ်ထောင်သက် ဘယ်လောက်ပဲကြာကြာ လှတယ်တို့၊ ဒီအင်္ကျီနဲ့ ကြည့်ကောင်းတယ်တို့ ဆိုတဲ့စကားတွေက အမြဲ လိုအပ်နေမှာပါပဲ။ 

၆။ တောင်းပန်ပါတယ်။ 

ကိုယ့်အိမ်ထောင်ဖက် ဖြစ်နေတာပဲ ကိုယ် တစ်ခုခု မှားသွားရင် တောင်းပန်စရာ မလိုပါဘူးလို့ ထင်တာကတော့ တော်တော်လွဲတဲ့ အတွေးပဲ ဖြစ်ပါတယ်။ ကိုယ့်ဘက်က မှားသွားတာနဲ့ မှားသွားကြောင်း ဝန်ခံပြီး တောင်းပန်ဖို့ လိုပါတယ်။ 

၇။ ချစ်တယ် 

အိမ်ထောင်သက်ကြာလို့၊ အသက်တွေ ကြီးလာလို့ဆိုပြီး တစ်ယောက်နဲ့ တစ်ယောက် ဒီစကားကို ပြောဖို့ ရှက်ကိုး၊ ရှက်ကန်း ဖြစ်နေဖို့ မလိုပါဘူး။ ဒီမှော်ဆန်တဲ့ စကားလုံးဟာ အိမ်ထောင်ရေးကို အံ့အားသင့်ဖွယ် ပျော်ရွှင်မှုတွေ ဆောင်ယူ ပေးနိုင်ပါတယ်။ 

Ref : rd.com



  • VIA