POST TYPE
TIP
အကုန်သိသတင်းဌာန Facebook သုံးခွင့် ပြန်လည်ရရှိ
25-Sep-2018
ရန်ကုန်၊ စက်တင်ဘာ ၂၄
အကုန်သိသတင်းဌာန၏ ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို Facebook Team အဖွဲ့က စက်တင်ဘာလ ၂၃ ရက်က တစ်ရက်လုံး ဖြတ်တောက်ခဲ့ပြီးနောက် စက်တင်ဘာလ ၂၄ ရက် မွန်းလွဲပိုင်း၌ ပုံမှန်အတိုင်း ပြန်လည်အသုံးပြုခွင့်ရပြီဖြစ်ကြောင်း ယင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ ဦးမျိုးသူအောင်က ပြောကြားသည်။
“ဒီလိုဗျ ဖျက်သိမ်းတာတော့ မဟုတ်ဘူး။ Facebook Team အနေနဲ့ နည်းနည်း စစ်ဆေးတာတို့ဘာတို့ တစ်ခုခု လုပ်စရာရှိလို့ဖြစ်မယ်။ မနေ့တစ်နေ့ ပျက်သွားတယ်။ ယာယီစစ်ဆေးတာတွေ လုပ်ပြီးသွားလို့ ဖြစ်မှာပေါ့။ အခုပြန်ရသွားပါပြီ” ၎င်းက ဆိုသည်။
သို့သော် အကုန်သိသတင်းဌာန ဖေ့စ်ဘွတ်ခ်ပေ့ချ်ကို ဖြတ်တောက်ခံရမှုနှင့် ပတ်သက်၍ Facebook Team အဖွဲ့၏ မူဝါဒအရ မည်ကဲ့သို့ရှိခြင်းကြောင့် ယခုကဲ့သို့ ဆောင်ရွက်ရသည် မသိရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် အကုန်သိသတင်းဌာနသည် ပြန်ကြားရေးဝန်ကြီးဌာန၌ တရားဝင်မှတ်ပုံတင်၍ လုပ်ကိုင်နေသော မီဒီယာတစ်ခုဖြစ်ကြောင်း ၎င်းက ဆိုသည်။
အလားတူ ယခုနှစ် ဩဂုတ်လအတွင်းကလည်း Facebook Team အဖွဲ့က ၎င်းတို့တားမြစ်ထားသည့် မူဝါဒဖြင့် မကိုက်ညီပါက ဖျက်သိမ်းလေ့ရှိပြီး မြဝတီသတင်းဌာန၏ စာမျက်နှာနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ စာမျက်နှာတို့ ဖျက်သိမ်းခံခဲ့ရသည်။
J-17
- SOURCES
- The Voice
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
05-Dec-2019
-
01-Dec-2019