News

POST TYPE

TIP

Facebook ပေါ်မှာဖတ်စရာ
09-Oct-2016


နေ့စဉ် ပုံမှန် ကျင်လည်နေတာ စိတ်ကျဉ်းကျပ်လို့ ခဏ ရုန်းထွက်ပြီး ခရီး တစ်ခုလောက် သွားချင်ပါသလား။ 

ဒါဆိုရင် ဘယ်လိုခရီးတွေကို သွားကြမလဲ၊ ဘယ်သူတွေနဲ့ သွားကြမလဲ ဒါတွေကလည်း စဉ်းစားစရာပါ။ 

ခရီးသွား ကုမ္ပဏီတွေနဲ့ သွားမယ်ဆိုရင်တော့ အစစ အရာရာမှာသူတို့က လိုက်ပြီး စီစဉ် ပေးပါလိမ့်မယ်။ 

ဒီလိုမဟုတ်ဘဲ အတွေ့အကြုံသစ် ရချင်လို့ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားချင်တာလား။ ဒါဆိုရင်တော့ ခရီးတစ်လျှောက်အတွက် ဘယ်လို စီစဉ်ရမလဲ၊ ဘယ်လိုနေရာတွေက ပိုပြီး အဆင်ပြေတယ် ဆိုတာမျိုး လိုက်ပြီး လေ့လာရတော့မှာပါ။ 

အဲ့ဒီအတွက်တော့ စိတ်မပူပါနဲ့။ ဖေစ့်ဘွတ် စာမျက်နှာရဲ့ Search Box ထဲမှာ MyKhayee လို့သာ ရိုက်ထည့်လိုက်ပါ။ 

ခရီးစဉ် တစ်ခုချင်းစီရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံနဲ့ အသေးစိတ် ရေးသားဖော်ပြ ထားတဲ့ စာမျက်နှာ တစ်ခုပါ။ 

ခရီးစဉ်တစ်လျှောက် တည်းခိုလို့ရတဲ့ နေရာတွေ၊ ကြုံတွေ့ရနိုင်တဲ့ အခက်အခဲတွေ၊ လည်ပတ်နိုင်တဲ့ နေရာတွေကို အသေးစိတ် ပြောပြထားတာမို့ ခရီး တစ်ခုကို ကိုယ်တိုင် စီစဉ်ပြီး သွားချင်ကြတဲ့သူတွေ အတွက်တော့ အဆင်ပြေ အသုံး တည့်စေမှာပါ။ 

ဒီစာမျက်နှာမှာ ခရီးစဉ်တွေ အကြောင်းပဲ ရေးသားဖော်ပြ ထားတာ မဟုတ်ဘဲ ခရီးသွားတာနဲ့ ပတ်သက်တဲ့ အခြား သိသင့် သိထိုက်တာတွေကိုလည်း ပြောပြထားပါတယ်။ 

ကဲ ... ရှုပ်ထွေးနေတဲ့ စိတ်တွေကို ခရီးတွေသွားပြီး ဖြေဖျောက်ပစ်မယ်ဆို MyKhayee ဆိုတဲ့ စာမျက်နှာမှာ ရေးထားတဲ့ ခရီးစဉ်တွေ အကြောင်း သွားဖတ်ကြရအောင်။ 

https://www.facebook.com/mykhayee/ ကနေ တစ်ဆင့်လည်း သွားရောက်နိုင်ပါတယ်။



  • VIA