News

POST TYPE

TIP

လမ်းခွဲရလို့ အသည်းကွဲနေသူတွေအတွက် အကြံပြုချက်
01-Sep-2016

အသည်းကွဲတဲ့ ခံစားချက်က တစ်ခါတစ်လေမှာ မထင်မှတ်လောက်အောင် ဆိုးရွားပါတယ်။ အချစ်ဦးနဲ့ ကွဲတဲ့အခါ ဒါမှမဟုတ် အကြာကြီး လက်တွဲလာခဲ့သူနဲ့ ပြတ်စဲရတဲ့ အခါမျိုးတွေမှာ ကမ္ဘာပျက်သလောက် ခံစားရတတ်ပါတယ်။ ဒီလိုအခြေအနေတွေကို မြန်မြန်ဆန်ဆန် ကျော်လွှားနိုင်ဖို့ အောက်ကအကြုံချက်တွေကို လိုက်နာကြည့်ပါ။

၁။ ကိုယ့်ကျမှပဲ ဖြစ်ရလေခြင်းလို့ မယူဆပါနဲ့။ ကိုယ့်ရဲ့ ချွတ်ယွင်းချက်တွေကြောင့်လို့လည်း သဘောထားဖို့ မလိုပါဘူး။ တစ်ခါတစ်လေမှာ အဓိက ပြဿနာက အခြေအနေနဲ့ အချိန်အခါ ဖြစ်နေတတ်ပါတယ်။

၂။ ခံစားနေရတာတွေကို မေ့ဖျောက်ဖို့ ဖုံးကွယ်ထားဖို့ မကြိုးစားပါနဲ့။ ခံစားနိုင်သလောက် ဖွင့်ထုတ်ပြီး ခံစားလိုက်ပါ။ အစပိုင်းမှာ သိပ်ပြီး ဆိုးရွားနေနိုင်ပေမယ့် လျစ်လျူရှုထားလို့လည်း ပိုကောင်းမလာနိုင်ပါဘူး။ သင်ခံစားနေရတာကို လက်ခံလိုက်တာကသာ အကောင်းဆုံး ဖြစ်ပါတယ်။

၃။ သူ့ဆီကို ရည်ညွှန်းတဲ့စာတွေ ရေးပါ။ ရေးပြီးတဲ့အခါ ပို့ဖို့မလိုပါဘူး။ အဓိပ္ပာယ် မရှိသလို ထင်ရပေမယ့် ခံစားနေရတာတွေ သက်သာစေဖို့ နည်းလမ်းကောင်းတစ်ခု ဖြစ်ပါတယ်။ သင်သူ့ကို စိတ်ဆိုးနေတာ ဒေါသထွက်တာ သတိရတာ စသဖြင့် သင်ပြောချင်တဲ့ အကြောင်းအရာတွေ အကုန်လုံးကို ချရေးပါ။

၎။ မိသားစုတွေ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံပါ။ သူတို့နဲ့အတူနေပါ။ တစ်ယောက်တည်း နေတာထက် သင့်ကို ချစ်ခင်သူတွေနဲ့ နေတဲ့အခါ သင်လိုအပ်နေတဲ့ ချစ်ခြင်းမေတ္တာကို အနည်းနဲ့အများ အစားထို ရရှိစေပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် လေ့လာသုံးသပ်ပါ။ လမ်းခွဲကြရတယ် ဆိုကတည်းက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ အဖုအထစ်တွေ ရှိခဲ့မှာပါပဲ။ နာကျင်မှုတွေထဲ နစ်မျောနေရုံနဲ့ရ ပ်တန့်မသွားဘဲ သူနဲ့လက်တွဲခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘာတွေအဆင်မပြေခဲ့တာလဲ၊ သင့်အကြောင်းသင် ဘယ်လိုသိခဲ့ရသလဲ ဆိုတာနဲ့ အချစ်သစ်အတွက် ဘာတွေသင်ခန်းစာရခဲ့လဲဆိုတာ သင့်ကိုယ်သင် မေးခွန်းထုတ်ပါ။

Ref: anewmode.com