News

10-Feb-2018
နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်တွင်ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပွဲတွင် အသိသက်သေအဖြစ်ပါဝင်ရန် ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ(အီးယူ)နှင့် နိုင်ငံ လေးနိုင်ငံကို ဖိတ်ကြားထားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
10-Feb-2018
ကရင်ပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားငါးမျိုး၏ ယဉ်ကျေးမှုပဒေသာပြပွဲကို ပထမဆုံး အကြိမ်အဖြစ် ဘားအံမြို့ရှိ သီရိကွင်း၌ ဖေဖော်ဝါရီလ ၉ ရက်နေ့က ပြုလုပ်ခဲ့ သည်။
09-Feb-2018
မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာဈေး (၁) အပေါ်ထပ်တွင် ဖြစ်ပွားခဲ့သည့် KBZ မီနီဘဏ်လုယက်မှုနှင့်ပတ်သက်၍ မသင်္ကာသူ အမျိုးသားသုံးဦးကို ရမန်ယူ၍ စစ်ဆေးနေကြောင်း မြစ်ကြီးနားမြို့မ ရဲစခန်းထံမှ သိရသည်။
08-Feb-2018
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့ရှိ ခရိုင်တရားသူကြီး အပါအဝင် ဥပဒေအရာရှိနှင့် ရှေ့နေတို့မှ သစ်အမှုနှင့်ပတ်သက်၍ လာဘ်ယူသည်ဟုဆိုကာ ဇန်နဝါရီလ နောက်ဆုံးအပတ်က နိုင်ငံတော်သမ္မတ အပါအဝင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် စသည်တို့ထံ တိုင်ကြားထားကြောင်း တိုင်ကြားစာ ပေးပို့ထားသူ မိုင်းပန်မြို့နယ် NLD ဥက္ကဋ္ဌ ဦးတင်ခိုင်က ပြောကြားသည်။
08-Feb-2018
ဘုရားသုံးဆူမြို့ ဝင်းရေးမြို့နယ်၊ KNU တပ်မဟာ ၆ ရုံးတွင် ကရင်တော်လှန်ရေးခေါင်းဆောင် စောဘဦးကြီး ပုံတူ ရုပ်တု စိုက်ထူနိုင်ရေးအတွက် စစ်ဘက်/ အရပ်ဘက်ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMCS/JMCU တို့မှတစ်ဆင့် ပြည်ထောင်စုအဆင့် တာဝန်ရှိသူများထံ တောင်းဆိုသွားမည်ဖြစ်ကြောင်း ရုပ်တုဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။
07-Feb-2018
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းပိုင်း ဆက်သွယ်ထားသော တံတား နှစ်စင်းကို ကချင်လက်နက်ကိုင်တပ်ဖွဲ့ ကေအိုင် အေနှင့် ကေအိုင်အိုတို့က ဖျက်ဆီးခဲ့သည့် အတွက် အမြန်ဆုံးပြန်လည်တည်ဆောက် ပေးရန် အရေးကြီးအဆိုကို ဖေဖော်ဝါရီလ ၇ ရက်နေ့က ကျင်းပသော ကချင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ပူတာအိုမြို့နယ် မဲဆန္ဒအမှတ်(၂)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဒိန်ခန်ဖုန် (ခ) ခန်လင်က တင်သွင်းခဲ့သည်။
07-Feb-2018
မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်း ဖြစ်ပွားမှုများသော်လည်း ထိရောက်သော ပြစ်ဒဏ်ချမှတ်နိုင်မှု မရှိသဖြင့် ပြစ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်နိုင်ရေးအတွက် တောင်ငူမြို့ခံ ၄၀ဝ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုထားကြောင်း လက်မှတ်ကောက်ခံသူ ဒေါ်မြတ်ဆုမွန်က ပြောသည်။
07-Feb-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့၊ အမှတ် ၂ ရပ်ကွက်အတွင်း ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်ခန့်က ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ ၁၀ နှစ်အရွယ် ကလေးသုံးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ကလေးဝမြို့မရဲစခန်းထံမှ သိရသည်။
07-Feb-2018
ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင် ပျူမြို့ဟောင်းအတွင်းရှိ ဗီလေးရာစုနှစ်အတွင်း ပျူလူမျိုးများ အသုံးပြုခဲ့သည့် သံချက်ဖိုများကို နိုင်ငံခြားခရီးသွားများ အလွယ်တကူလေ့လာနိုင်ရန် ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ပြည်မြို့ရှေး ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းက ပြောကြားသည်။
07-Feb-2018
ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ်တွင် ဇန်နဝါရီလမှစ၍ ဖေဖော်ဝါရီလ ၆ ရက်အထိ အင်အား အသင့်အတင့်ရှိ ငလျင် ၁၅ ကြိမ်ခန့် လှုပ်ခဲ့သော်လည်း ယင်းငလျင်များမှာ စစ်ကိုင်းပြတ်ရွေ့ကြောင့် မဟုတ်သဖြင့် လက်ရှိအထိ စိုးရိမ်ဖွယ်ရာမရှိသေးကြောင်း တောင်ငူခရိုင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
07-Feb-2018
ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် မှုခင်းကျဆင်းရေးအတွက် မှုခင်းအသိပညာပေး မလုပ်သော ရဲတပ်ဖွဲ့ဝင်များကို ဖြေရှင်းချက်တောင်းခံခြင်းမှစ၍ နေရာပြောင်းသည်အထိ အဆင့်ဆင့် အရေးယူမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဦးစီးပထမတန်းအရာရှိ ဒုတိယရဲမှူးကြီး ခင်မောင်လတ်က ပြောသည်။
06-Feb-2018
တရုတ်နှစ်သစ်ကူးပွဲတော်ကာလ ရောက်ရှိတော့မည်ဖြစ်ရာ နိုင်ငံအတွင်း အထောက်အထားမပြည့်စုံဘဲ လာရောက်အလုပ်လုပ်ကိုင်နေသူများကို ဖမ်းဆီးအရေးယူမည်ဟု သတိပေးထားသည့်အတွက် အလုပ်ရှင်များက နေရပ်ပြန်ခိုင်းသည့် မြန်မာအလုပ်သမား ၂၀၀၀ ခန့်မှာ ယခုရက်ပိုင်းအတွင်း မူဆယ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မူဆယ်မြို့ရှိ ကရုဏာလူမှု ကူညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောကြားသည်။
06-Feb-2018
ဧရာဝတီတိုင်း ပုသိမ်မြို့နယ်၊ ရွှေသောင်ယံ ကမ်းခြေမြို့ ဘောမိကျေးရွာအုပ်စုရှိ ပန်းတမော့ကျွန်း၌ ဖေဖော်ဝါရီလ ၄ ရက် မွန်းလွဲပိုင်းက မျှင်ပုစွန် (ဂွေးပုစွန်) အများအပြား ကျရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
06-Feb-2018
တိုင်းရင်းသားများအနေနှင့် မှတ်ပုံတင်ပြုလုပ်ရာတွင် ကိုယ်ရေးအချက်အလက်များကို တိုင်းရင်းသားအက္ခရာများဖြင့် ထည့်သွင်းရေးသားနိုင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။
05-Feb-2018
မြောက်ဦးမြို့နယ် တိန်ညိုကျေးရွာမှ ကျေးရွာသားသုံးဦးကို မတရားအသင်း ဆက်သွယ်မှု အက်ဥပဒေပုဒ်မ ၁၇ (၁)ဖြင့် အမှုဖွင့်ထားကြောင်း မြောက်ဦးခရိုင် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။