News

29-Oct-2018
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်အရှေ့ဘက် အက်တောရွာ၌ စက်မှု ၁ ဝန်ကြီးဌာနက သိမ်းဆည်းထားသည့်မြေများကို ပြန်လည်စွန့်လွှတ်ပေးရန်အတွက် ဒေသခံတောင်သူဦးရေ ၁၀၀ ခန့်က မုံရွာမြို့တွင် ယနေ့ နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
29-Oct-2018
မြစ်ဝကျွန်းပေါ်ဒေသသို့ ဝင်ရောက်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ဟင်္သာတမြို့နယ်အတွင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သဖြင့် ရိတ်သိမ်းခါနီး မိုးစပါးဧက ၅၀၀ ကျော် ရေနစ်မြုပ်ခဲ့ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
29-Oct-2018
ကုန်တင်မော်တော်ယာဉ်ကြီးများ မကြာခဏတိမ်းမှောက်ပြီး လမ်းပိတ်ဆို့မှုများဖြစ်ပေါ်လေ့ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပြည်ထောင်စုလမ်းပိုင်းရှိ ဂုတ်တွင်းကားလမ်း မိုင်တိုင်အမှတ် ၈၃/၄ ကုလားမကွေ့ကို အကြီးစားပြုပြင်မှုများ ဆောင်ရွက်နေကြောင်း Oriental Highway ကုမ္ပဏီထံမှ သိရသည်။
29-Oct-2018
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ နောင်တုံကန်တွင် ငါးပေါက်ဖွားမှုတိုးပွားလာ၍ အောက်တိုဘာ တတိယပတ်အထိ ငါးဖမ်းခွင့်တင်ဒါကို ပထမဆုံးအကြိမ်ခေါ်ယူခဲ့သော်လည်း လျှောက်ထားသူမရှိသောကြောင့် ငါးများကို လွတ်လပ်စွာဖမ်းယူခွင့် ပြုမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။
29-Oct-2018
စစ်ကိုင်းတိုင်း၊ တမူး - ကလေး - ကလေးဝလမ်းပေါ်ရှိ တံတား ၆၉ စင်းကို အိန္ဒိယနိုင်ငံက ကူညီတည်ဆောက်ပေးမည်ဖြစ်ရာ ယင်းတံတားများအနက် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ်တွင်ရှိသည့် မဟူရာချောင်းကို ဖြတ်ကူးဖောက်လုပ်မည့် တံတားကို စတင်တည်ဆောက်နေပြီဖြစ်ကြောင်း လမ်းဦးစီးဌာန (တမူးခရိုင်) လက်ထောက်ညွန်ကြားရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။
29-Oct-2018
အများပြည်သူ အပန်းဖြေရာနေရာတစ်ခုဖြစ်သည့် ပဲခူးမြို့နယ်၊ လိပ်​ပြာကန်​ရပ်​ကွက်​၊ လိပ်ပြာကန်နံ​​ဘေး ပလက်ဖောင်း​နေရာများတွင်​ ကျူးကျော်​​ဈေးရောင်းချ​နေသူများကို ဈေးမရောင်းချရန် သတိပေးထားပြီး နိုဝင်​ဘာလမှစ၍ ​ထောင်​ဒဏ်​​၊ ​ငွေဒဏ်​များချမှတ်​နိုင်​သည့် ဥပ​ဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း ပဲခူးမြို့နယ်​စည်​ပင်​သာယာ​ရေး​ကော်​မတီ ဥက္ကဋ္ဌ ဒေါက်​တာ​အောင်​ခင်က ​ပြောကြားသည်​။
28-Oct-2018
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုညဲကျေးရွာအုပ်စု၊ ရှောက်ဟော်ကျေးရွာတွင် အောက်တိုဘာလ ၂၇ ရက်နေ့ ညပိုင်းက ယင်းကျေးရွာတွင် နေထိုင်သည့် ရွာသား ၄၀ ခန့်ကို လက်နက်ကိုင်အဖွဲ့က လူသစ်စုဆောင်းမှုအနေနှင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
28-Oct-2018
မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့အနေနှင့် ငွေကြေးအခက်အခဲကြောင့် ဖွဲ့စည်းပုံအပြည့် ဝန်ထမ်းခန့်ထားနိုင်ခြင်း မရှိသေးကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ကြီးဦးမင်းကျော်လွင်က ပြောကြားသည်။
28-Oct-2018
ပုသိမ်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့ ( အောက်တိုဘာလ၂၈ ရက်) မွန်းလွဲပိုင်းက ပုသိမ်ဆေးရုံကြီးသို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
28-Oct-2018
ပဲခူတိုင်းအနောက်ခြမ်း သာယာဝတီမြို့နယ် ဖိုးခေါင်ကျေးရွာအုပ်စု ဘိုကုန်းရွာတွင် ယနေ့ (အောက်တိုဘာ၂၈ ရက်) နံနက် ၅ နာရီခန့်က အိပ်ပျော်နေသည့် မိသားစုဝင်သုံးဦး မိုးကြိုးပစ်ခံရ၍ သေဆုံးသွားခဲ့ကြောင်း ဖိုးခေါင် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
28-Oct-2018
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုအတွက် ငွေကျပ် သိန်း ၄၅၀၀ သုံးစွဲရန်လျာထားကြောင်း ပြည်နယ်အစိုးရက ထုတ်ပြန်ထားသည့် ၂၀၁၈-၂၀၁၉ ရသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ (Citizen’s Budge) တွင် ဖော်ပြထားသည်။
28-Oct-2018
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ စမ်းလှမ်းရွာတွင် အကောင်အထည်ဖော်ထားသည့် ရပ်ရွာလူထု အခြေပြုခရီးသွားလုပ်ငန်း (CBT) ကြောင့် ငါးဖမ်းလှေများ ကမ်းခြေသို့ ကပ်ခွင့်မရမည်ကို ဒေသခံရေလုပ်သားအများစုက စိုးရိမ်နေကြသည်။
28-Oct-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း TNLA/ SSPP မြောက်ပိုင်းတပ်ပေါင်းစုနှင့် RCSS /SSA အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်လူသစ်စုဆောင်းခြင်းပြုလုပ်နေသည့်အတွက် နမ္မတူမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံရွာသားများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
28-Oct-2018
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကျောင်းတော်ရာဘုရား၏ရှေးဟောင်းဌာပနာပစ္စည်းဖြစ်သည့် ရွှေစင်ရွှေသားနှစ်ပိဿာခွဲခန့်ရှိ ရွှေစေတီတစ်ဆူနှင့် ဆင်စွယ်ပန်းပုတို့ ပျောက်ဆုံးနေခြင်းကို ဒေသခံဆရာတော်၏ အကူအညီတောင်းခံမှုကြောင့် ပြည်ထောင်စုအစိုးရထံတင်ပြပြီး စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။
28-Oct-2018
ချင်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း စိတ်ဝမ်းမကွဲဘဲ ညီညီညွတ်ညွတ်ရှိကြရန် လိုအပ်သည်ဟု ချင်းပြည်နယ် ကန်ပက်လက်မြို့သို့ လာရောက်ခဲ့သည့် ခရီးစဉ်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့သည်။