News

28-Aug-2019
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီ-ကွမ်းလုံ လမ်းအပိုင်း ၃၁ မိုင်ရှိ တံတားတစ်စင်းကို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့က ၁၀ ရက်အတွင်း ဒုတိယအကြိမ်မိုင်းခွဲ ဖျက်ဆီးခဲ့သဖြင့် တံတားပျက်စီးခဲ့ရပြီး ဆက်သွယ်သွားလာရေး ပြတ်တောက်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
28-Aug-2019
သဘာဝဘေးအန္တရာယ်နှင့် ရေကြီးနစ်မြုပ်မှုများခံခဲ့ရသည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျပ်သိန်း ၃ ထောင်ခန့်နှင့် ဆန်အိတ် အပါအဝင် ရေဘေးသင့်ပြည်သူများအတွက် ပစ္စည်းများကို ဩဂုတ်လ ၂၈ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် လာရောက်လှူဒါန်းခဲ့သည်။
28-Aug-2019
ကျောင်းအသွားအပြန် သွားလာရေး ခက်ခဲသော ချောက်မြို့ အမှတ် ၁၄ ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၆၁ ဦးအတွက် စက်ဘီး ၁၆၁ စီးကို ယင်းရပ်ကွက်ရှိ သုဓမ္မဝတီ ဘုန်းကြီးကျောင်းတွင် သြဂုတ်လ ၂၈ ရက် ညနေ ၅ နာရီခန့်က လှူဒါန်းခဲ့သည်။
28-Aug-2019
ပုသိမ်မြို့နယ် တရားရုံးတွင် ငွေကြေးအလွဲသုံးစားလုပ်မူ ရာဇသတ်ကြီး ပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုခံနေရသော ဧရာဝတီတိုင်း လွှတ်တော်ဒုတိယ ဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ အာမခံဖြင့် အချုပ်လွတ် တရားရင်ဆိုင်ခွင့်ကို လာမည့် သြဂုတ်လ ၃၀ ရက်နေ့ ရုံးချိန်းတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ယင်းတရားရုံးမှ သိရသည်။
27-Aug-2019
မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအတွက် ထောက်ပံ့ကူညီမှုများ လုပ်ဆောင်နိုင်ရန် အနယ်နယ်အရပ်ရပ်မှ အလှူရှင်များက လာရောက်လှူဒါန်းထားသည့်ငွေမှာ ဩဂုတ်လ ၂၆ ရက်နေ့အထိ တစ်ဘီလီယံကျော်ရရှိကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
27-Aug-2019
မွန်ပြည်နယ် မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်ကွက်ပိုင် နယ်မြေရှိ တောင်စောင်းတွင် သာသနာ၂၅၀၀ ဘုန်းတော်ကြီးကျောင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ တောင်စောင်းပတ်ဝန်းကျင်နေသူများက မြေပြိုမည့်အန္တရာယ်ကို စိုးရိမ်နေကြသဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံသို့ ကူညီဖြေရှင်းပေးနိုင်ရန် အသနားခံစာ တင်ပြထားကြောင်း ဒေသခံများထံမှ သိရသည်။
26-Aug-2019
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် လွတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ယာဉ်မောင်းဖြစ်သူထံမှ မူးယစ်ဆေးဝါး ဘိန်းဖြူနှင့် စိတ်ကြွရူးသွတ်ဆေးပြားများ ယနေ့ (သြဂုတ် ၂၆ ရက်)နံနက် ၁၀ နာရီ ခန့်က ဖမ်းဆီးရမိထားကြောင်း မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
25-Aug-2019
မိတ္ထီလာတက္ကသိုလ်ဝင်းအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ဆိုင်ကယ်များလုံခြုံရေးအတွက် စက်တင်ဘာလမှစ၍ ပုဂ္ဂလိကပိုင် SUGS ကုမ္ပဏီက တာဝန်ယူ စောင့်ရှောက်မည်ဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သတင်းနှင့်ပြန်ကြားရေးကော်မတီထံမှ သိရသည်။
25-Aug-2019
မွန်ပြည်နယ် ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအနီး ရဲပြာကုန်းတောင်ခြေတွင် တည်ရှိနေသည့် အခြေခံပညာမူလတန်းကျောင်း ပြောင်းရွှေ့နိုင်ရေးအတွက် ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မြေနေရာရှာဖွေ၍ အမြန်းဆုံးပြောင်းရွှေ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ပြောသည်။
25-Aug-2019
ကလေးမြို့နယ်၊ ချင်းစုကျေးရွာမှ ဆယ်တန်းကျောင်းသား ဆလိုင်းထောင်းထာထန်းသည် သြဂုတ် ၂၄ ရက်က ရာဇဂြိုဟ်တမံမှ လေ့လာရေးအပြင်တောင်ကျချောင်းရေဖြင့် မျောပါသွားပြီး ပျောက်ဆုံးနေကြောင်း အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံးထံမှ သိရှိရသည်။
25-Aug-2019
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ခံသာကျေးရွာဈေးတွင် ယနေ့ နံနက် ၆ နာရီက ညောင်ပင်ကိုင်းကျိုးကျရာမှ သစ်ကိုင်းပိပြီး လူတစ်ဦးသေဆုံး လူ၅ ဦး ဒဏ်ရာရမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့သည့် ဦးနေမျိုးဝင်းက ပြောသည်။
24-Aug-2019
ဧရာဝတီတိုင်းသာမက မန္တလေး၊ ပြည်၊ ရန်ကုန်၊ မတ္တရာနှင့် ပဲခူးမြို့မှ ခြင်းလုံးအသင်းများပါဝင်သည့် ဝါဆိုခြင်းလုံး အလှခတ်ပွဲတော်ကို ဩဂုတ် ၂၃ ရက်မှစ၍ ၃ ရက်ကြာ ပုသိမ်မြို့၊ မြို့မခြင်းလုံး အားကစားရုံတွင်ကျင်းပနေကြောင်း အဆိုပါပွဲတော် ကျင်းပရေးကော်မတီထံမှ သိရှိရသည်။
24-Aug-2019
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ရှိ စက်ဘီးစီးအဖွဲ့ (၃) နှစ် ပြည့် အထိမ်းအမှတ်အနေဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုံဂံသို့ သွားရောက်ကာ နှစ်ရက်အကြာ စက်ဘီးစီးခဲ့ကြသည်။
24-Aug-2019
ရှမ်းပြည်နယ်မြောက်ပိုင်း သိန်းနီရေပူအမြဲတမ်းစစ်ဆေးရေးစခန်းကို မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပိန်းဆာ ပြည်သူစစ်တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
24-Aug-2019
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းဈေးအတွင်း ရောင်းချနေသည့် စားသုံးရန် မသင့်သည့် စားသောက်ကုန်အချို့ကို သြဂုတ် ၂၄ ရက်နေ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးတွေ့ရှိသဖြင့် သိမ်းဆည်းဖျက်ဆီးလိုက်ကြောင်း တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မျိုးထွန်းကျော်က ပြောကြားသည်။