News

12-Nov-2018
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် နတ်တလင်းမြို့ မ အားကစားကွင်း၌ ကျင်းပရန်စီစဉ်ထားသည့် သကျမဟာ မြတ်မုနိဘုရားပွဲအကြို ဖျော်ဖြေရေးပွဲမှ စတိတ်စင်နှင့် ပွဲကြည့်ထိုင်ခုံများ နိုဝင်ဘာလ ၁၀ ရက်နေ့ ည ၉ နာရီခန့်အချိန်က မီးရှို့ဖျက်ဆီးခံခဲ့ရသည်။
12-Nov-2018
မြန်မာနိုင်ငံသို့ ဧည့်သည်ပိုမိုဝင်ရောက်ရန် အာရှနိုင်ငံအချို့အား ဗီဇာဖြေလျှော့မှုများပြုလုပ်ထားသော်လည်း နိုဝင်ဘာလအတွင်း တစ်ရက်လျှင် ပျမ်းမျှခရီးသည်ဝင်ရောက်မှုမှာ ၃၀ ရာခိုင်နှုန်း (၃၀၀ ကျော်) လျှော့နည်းနေဆဲဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ပုဂံဌာနခွဲ၏ စာရင်းများအရသိရသည်။
11-Nov-2018
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်နှင့် အစိုးရုံးကို ၂၀၁၃ ခုနှစ်က ဆောက်လုပ်ခဲ့မှုတွင် အိုးဘိုတောင်ရပ်ကွက်နေ တောင်သူများ၏မြေယာများ ပါဝင်သွားသည့်အတွက် အစားထိုးပြန်ပေးရန် တိုင်းအစိုးရက စိစစ်နေဆဲဖြစ်ကြောင်း မုံရွာမြို့နယ်၊ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ကြည်က ပြောကြားသည်။
11-Nov-2018
မွန်နှင့် ကရင်ပြည်နယ်အတွင်းရှိ မျက်စိအတွင်းတိမ်လူနာ ၂၅၀ ကို SCG ကုမ္ပဏီ၊ ထိုင်းနိုင်ငံရှိ Banphaeo ဆေးရုံကြီမှ ဆရာဝန်များနှင့် မော်လမြိုင်ပြည်သူ့ဆေးရုံတို့မှ ဆရာဝန်များပူးပေါင်းကာ နိုဝင်ဘာလ ၁၁ ရက်နေ့က အခမဲ့ ခွဲစိတ်ကုသပေးခဲ့သည်။
11-Nov-2018
ရပ်ရွာလူထုအခြေပြု အပန်းဖြေစခန်းများဥပဒေကို ရေးဆွဲရန် စီစဉ်လျက်ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လျာထားကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။
11-Nov-2018
ပဲခူးတိုင်းအတွင်းရှိ မြေယာကိစ္စများ ဖြေရှင်းရာတွင် အုပ်ချုပ်ရေးမဏ္ဍိုင်မှတာဝန်ရှိသူများအနေနှင့် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဖြေရှင်းရန် ယင်းတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုက်တွန်းပြောကြားသည်ကို ကိုးကား၍ တိုင်းလွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။ နိုဝင်ဘာလ ၁၀ ရက်နေ့က တောင်ငူမြို့၊ ခပေါင်းခန်းမဆောင်တွင် ဝန်ကြီးချုပ်နှင့် မြို့နယ် ၆ ခုမှ မဏ္ဍိုင်သုံးရပ် တွေ့ဆုံပွဲပြုလုပ်ခဲ့သည်။
11-Nov-2018
ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်တွင် အမျိုးသမီးငယ်တစ်ဦးက မိမိကိုယ်ကျင့်တရားကို ယုံကြည်ပေးရန် မိဘများထံ တောင်းပန်စာရေးခဲ့ပြီး နိုဝင်ဘာ ၉ ရက်နေ့က ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ငါးသိုင်းချောင်းနယ်မြေရဲစခန်းထံမှ သိရသည်။
10-Nov-2018
ဖား​ဆောင်းမြို့နယ်​ ​မော်​ချီး​ကျေးရွာ ပုဂ္ဂလိက ခဲကျင်းတစ်​ခုတွင် နိုဝင်​ဘာ ၉ ရက်​​ ည ၆ နာရီခန့်​က ခဲကျင်းပြိုကျခဲ့ရာမှ ပိတ်​မိခဲ့သူ အမျိုးသား​ ၄ ဦးကို အခင်းဖြစ်​ပြီး ၁၁ နာရီခွဲအကြာတွင်​ ပြန်​လည်​ ကယ်​ထုတ်​နိုင်​ခဲ့သည်​ဟု ဖား​ဆောင်းမြို့နယ်​ရဲတပ်​ဖွဲ့မှူး ရဲမှူး​ကျော်​စိုးက ​ပြောကြားသည်​။
09-Nov-2018
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့နယ်ခွဲ ချမ်မကောက်ဆန်ရီကျေးရွာတွင် နိုဝင်ဘာလ ၇ ရက်နေ့ နေ့လယ်ပိုင်းက တောဝက်အကိုက်ခံရ၍ အမျိုးသားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
09-Nov-2018
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံကျေးရွာအနီး ဒေသအခေါ် (တာဝါတိုင်ကုန်း) ၌ ကုမ္ပဏီက ကျောက်တူးဖော်နေစဉ် မြေတုန်ခါမှုကြောင့် နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းက လူနေအိမ်နှစ်လုံး ပြိုကျခဲ့ကြောင်း ဆိပ်မူကျေးရွာအုပ်စု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရွှေသိန်းက ပြောကြားသည်။
09-Nov-2018
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပေါက်တောကျေးရွာအုပ်စု ကွင်းအမှတ် ၂၀၈ ကျိုက်ဒေးရုံကွင်းမြေ လေးဧကကို တောင်စွန်းအကျဉ်းဦးစီးဌာနက ယခုနှစ်တွင် လမ်းခင်းကျောက်ထုတ်လုပ်ခွင့် လိုင်စင်အသစ်လျှောက်ထားမှုကို ကန့်ကွက်စာပေးပို့ထားကြောင်း ဒေသခံလွှတ်တော်ကိုယ်စား လှယ်ဒေါက်တာ ခင်နိုင်ဦးက ပြောကြားသည်။
09-Nov-2018
ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် အငြင်းပွားနေသော ကယားပြည်နယ် မယ်စဲတိုက်နယ်ရှိ သာသနာပိုင်မြေဧက တစ်ဝက် (ဝ ဒသမ ၅ ဧက) ကို ပြန်လည်ရရှိရန် သာသနာ့အကျိုးဆောင်အဖွဲ့က ရန်ကုန်မြို့ လမ်း ၅၀ ရှိ မြန်မာဂျာနယ်လစ်ကွန် ရက်ရုံးခန်း၌ နိုဝင်ဘာလ ၈ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တောင်းဆိုခဲ့ကြသည်။
09-Nov-2018
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကောင်အထည်ဖော်တည်ဆောက်မည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ပထမအဆင့် အကောင်အထည်ဖော်ရန်အတွက် တရုတ်ကုမ္ပဏီ CITIC နှင့် နိုဝင်ဘာလ ၈ ရက်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့သည်။
08-Nov-2018
လက်ရှိဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက်အရ တောင်သာမြို့နယ်ရှိ ကျေးရွာ ၁၂ ရွာကို ကျပ်သိန်း တစ်ရာစီ ချထားပေးမည်ဖြစ်ကြောင်း တောင်သာ မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။
08-Nov-2018
“ဂျစ်ကား”ဟု အမည်ပေးထားသည့် တောဆင်ရိုင်းတစ်ကောင် တိုက်ကြီးမြို့နယ် အရှေ့ဘက် ၁၂ မိုင်ခန့်အကွာရှိ ချင်းကုန်းကျေးရွာသို့ ဝင်ရောက်မှုကြောင့် အိမ်တစ်လုံး ပျက်စီးခဲ့သည့်အပြင် ပြောင်းခင်းကိုလည်း စားသောက်ဖျက်ဆီးသွားခဲ့ကြောင်း ချင်းကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းက ပြောသည်။