News

08-Nov-2018
တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်ရှိ GAS ဆိုင်တစ်ခုတွင် ယနေ့ (နိုဝင်ဘာ ၈ ရက်) နံနက် ၇ နာရီခွဲခန့်က GAS ဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားပြီး သုံးဦးမီးလောင်ကျွမ်းခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
08-Nov-2018
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ရဲစခန်းများသို့ ယခုရက်ပိုင်းအတွင် ဖုန်းဖြင့်သတင်းမှားပေးကာ နှောင့်ယှက်သူများရှိနေပြီး ထိုသို့ နှောင့်ယှက်မှုဆိုးလာလျှင် ဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ အကြီးတန်း ရဲအရာရှိတစ်ဦးက သတိပေးပြောကြားသည်။
08-Nov-2018
တရုတ်နိုင်ငံဘက်က အောက်တိုဘာလမှစကာ လုံခြုံရေးတင်းကျပ်၍ အဖမ်အဆီးများ ပြုလုပ်နေသည့်အတွက် ပြောင်းတင်ပို့မှု ရပ်တန့်ထားရသောကြောင့် ဈေးနှုန်းများ ကျဆင်းလာကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။
08-Nov-2018
ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် ယခုနှစ်ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်းအထိ ၁၀ လကျော်ကာလအတွင်း ယာဉ်မတော်တဆမှု ၄၀၀ ကျော်တွင် ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ၇၃၀ ကျော်ရှိပြီး ၁၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
08-Nov-2018
ကမ္ဘာလှည့်ခရီးသည်များအတွက် မြန်မာ-လာအိုနှစ်နိုင်ငံကြား ကျိုင်းလပ်နှင့် ဝမ်ပုံဂိတ်များကို နိုင်ငံတကာနယ်စပ် ဝင်ပေါက်များအဖြစ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စတင်ခွင့်ပြုပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
08-Nov-2018
ပင်လယ်ပြင်အတွင်း ကမ်းဝေး ငါးဖမ်းလှေကြီးအချို့၏ စည်းကမ်းမဲ့ငါးဖမ်းဆီးမှု၊ အနိုင်ကျင့်ဗိုလ်ကျမှုများကြောင့် ကမ်းနီး ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်ကြသူများ လျော့နည်းလာကြောင်း မြိတ်မြို့နယ်ရှိ ကမ်းနီးငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
08-Nov-2018
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ စိန်မြတောင်တောင်ပေါ် ဘုရားရှိ ရဟန္တာငါးရာရုပ်ပွားတော် ၄၃ ဆူနှင့် ထိုင်တော်မူဘုရားရုပ်ပွားတော် ၄ ဆူတို့ ဖျက်ဆီးခံခဲ့ရကြောင်း ရွာလွတ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်က ပြောကြားသည်။
08-Nov-2018
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Richard, Albright နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Scot Alan Marciel တို့အဖွဲ့သည် နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် စစ်တွေသို့ရောက်ရှိလာခဲ့ပြီး ရခိုင်အမျိုးသားပါတီ (ANP)၊ စစ်တွေမြို့ရှိ သက္ကေပြင် ဘင်္ဂါလီဒုက္ခသည်များသို့ သွားရောက်တွေ့ဆုံခဲ့သည်။
08-Nov-2018
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်များနေရပ် ပြန်နိုင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် အီးယူက ကျပ် ၂၁ သန်းကျော်ထောက်ပံ့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
07-Nov-2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ပြည်သူ့အပန်းဖြေဥယျာဉ်နှင့် ကလေးကစားကွင်းကို တည်ဆောက်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
07-Nov-2018
ပဲခူးတိုင်း ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာတွင် နိုဝင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းက ကျေးရွာဘောလုံးကွင်း ပြဿနာနှင့်ပတ်သက်ပြီး ကြားနာပွဲသို့လာရောက်သည့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နှင့် မြေယာပြဿနာတင်ပြရန် ကြိုးပမ်းသည့် ဒေသခံများ အချေအတင်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
07-Nov-2018
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ဒုံဟီးမြို့အနီးရှိ ချမ်မကောက်ဆန်ရီကျေးရွာတွင် ကလေးငယ်များ၌ အသက်ရှူကျပ်သည့် ရောဂါဖြစ်ပွားလျက်ရှိကြောင်း နန်းယွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှက ပြောကြားသည်။
07-Nov-2018
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ သတ္တုလုပ်ကွက်အတွင်း ပိဿာစားသတ္တုရှာသည့် လူငယ်နှစ်ဦး နိုဝင်ဘာလ ၅ ရက်က မြေပိသေဆုံးခဲ့ကြောင်း ကံပေါက်နယ်မြေရဲစခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
06-Nov-2018
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ် (၂) မဲဆန္ဒနယ်မှ ကြိုတင်မဲများနှင့်ပတ်သက်၍ ကန့်ကွက်နိုင်ရန် ကြိုတင်မဲများတွင် ပါဝင်သည့် အချက်အလက်များကို ရွေးကောက်ပွဲကော်မရှင်ထံ တောင်းခံထားကြောင်း အဆိုပါ မဲဆန္ဒနယ်မြေတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကချင်ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်း ဦးကွမ်ဂေါင်အောင်ခမ်းက ပြောကြားသည်။
06-Nov-2018
ကံပေါက်ဒေသရှိ မြေဧက ၅ သောင်းကျော်တွင် ဓာတ်သတ္တုစမ်းသပ်တိုင်းတာခွင့်ပြုရန် ဒယ်လ်ကိုကုမ္ပဏီက တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အောက်တိုဘာ ၂၆ ရက်တွင် အဆိုပြုတင်ပြခဲ့သည်။