News

02-Jul-2019
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ အမှတ် ၂ နယ်မြေ ရဲတပ်ဖွဲ့စခန်းမှူးကို လာဘ်ငွေတောင်းခံသည်ဟုဆိုကာ စစ်ဆေးအရေးယူပေးရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ အပါအဝင် တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးထံ ဇူလိုင်လ ၂ ရက်နေ့ နံနက်က တိုင်စာပေးပို့ခဲ့ကြောင်း
02-Jul-2019
မွန်ပြည်နယ် ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးအား လူမှုကွန်ရက်စာမျက်နှာ (Facebook) ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ဆန်းဦးအား ပေါင်မြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်။
01-Jul-2019
တေးရေး၊ တေးဆို ထူးအိမ်သင်၏ ၅၆ နှစ်မြောက် မွေးနေ့အမှတ်တရပွဲကို ပုသိမ်တက္ကသိုလ်ကျောင်းသားများနှင့် မြို့ခံလူငယ်များ၊ ဂီတဝါသနာရှင်များပေါင်း၍ ဇူလိုင်လ ၁ ရက်၊ မွန်းလွဲပိုင်းက ပုသိမ်တက္ကသိုလ်ကျောင်းဝင်းတွင် ကျင်းပခဲ့ကြသည်။
01-Jul-2019
ငါးကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီးကို ဟင်္သာတမြို့ အေးမြသာယာရပ်ကွက် အလောင်းဘုရားလမ်းသွယ်တွင်နေထိုင်သော အသက် ၈၀ အရွယ် ဒေါ်ခင်တင့်က ဆွတ်ခူးခဲ့သည်။
01-Jul-2019
တိုက်ကြီးမြို့နယ်၊ အနောက်ဘက် အလဘုတ်ရွာတွင် ဇူလိုင်လ ၁ ရက်၊ နံနက် ၂ နာရီခန့်က လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၆ လုံးပြိုကျပြီး ဘုန်းတော်ကြီးကျောင်းအဝင်တန်ဆောင်း ပျက်စီးခဲ့ကြောင်း အလဘုတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးတင့်ဆွေက ပြောကြားသည်။
01-Jul-2019
ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၇၃ အနီး လမ်းဖြတ်ကူးမောင်းနှင်လာသည့် နွားလှည်းနှင့် ကောင်းမြတ်မန်း ခရီးသည်တင်ယာဉ်တို့တိုက်မိရာမှ နှစ်ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။
29-Jun-2019
ဧရာဝတီတိုင်းဒေသကြီး ငပုတော မြို့နယ် ငရုတ်ကောင်း ပင်လယ်ကမ်းခြေဒေသ နံ့သာပုကျေးရွာ ပုလ္လပင်ချိုင်ကမ်းခြေတွင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်သည့် လုပ်ငန်းများသို့ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်နိုင်ရန် ပင်လယ်ပြင်ထောက်ပံ့စခန်းနှင့် သင်္ဘောဆိပ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် စတင်တည်ဆောက်မည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
29-Jun-2019
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် အုန်းပင်ဆိပ် ကျေးရွာအုပ်စု ပေတစ်ပင်ကျေးရွာတွင် လင်ယောက်ျားဖြစ်သူက ဇနီးမယား၏လည်မျိုကို ထင်းချောင်းဖြင့်ရိုက်သောကြောင့် ဇနီးဖြစ်သူ သေဆုံးသည့်အမှုကို အခင်းဖြစ်ပွားပြီး ၃ ရက်အကြာ ဇွန်လ ၂၈ ရက်နေ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း
29-Jun-2019
ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ ရပ်ကွက်များကို သောက်သုံးရေရရှိရေးအတွက် ရေဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီနှစ်ခုအား အစိုးရသို့ ပေးဆောင်ရမည့် ဒဏ်ကြေးနှင့် စာရင်းစစ် စိစစ်တွေ့ရှိချက် အစီရင်ခံစာအရ သက်ဆိုင်ရာကုမ္ပဏီအသီးသီးက ပြန်လည်ပေးသွင်းရမည့်ငွေများ မပေးသွင်းပါက လုပ်ငန်းအားလုံးရပ်ဆိုင်းပြီး တရားမကြောင်းအရ တရားစွဲဆိုမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်သာယာရေး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာန ၀န်ကြီး ဦးစိုးထက်က ပြောသည်။
29-Jun-2019
စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်မှ အရာတော်မြို့အထိ စိုက်ပျိုးလယ်ယာမြေများအတွက် ရေပေးနေသည့် ကင်းတပ်ဆည်၏ လက်ယာ ပင်မတူးမြောင်း ဘောင်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း တူးမြောင်းဘောင်ပြိုကျသည့်အနီး အုတ်ဖိုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းက ပြောကြားသည်။
29-Jun-2019
ချင်းပြည်နယ် ဖလမ်းမြို့နယ်အတွင်းရှိ မာန်ခဲန်ကျေးရွာတွင် နေထိုင်သည့်ကလေးငယ်များ ရာသီတုပ်ကွေး ဖျားနာမှု တစ်ပတ်အတွင်း ကလေးငယ် ၅၀ ကျော်တွင် ဖြစ်ပွားခဲ့ကြောင်း မာန်ခဲန်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန (ခွဲ) မှ သိရသည်။
29-Jun-2019
ဥက္ကံမြို့၊ ချောင်းစောက်ရွာအုပ်စု၊ မအူခုံရွာနှင့် ကျောက်ပြင်သာရွာတို့တွင် ဇွန်လ ၂၉ ရက်၊ နံနက် ၁ နာရီခန့်က တောဆင်ရိုင်း အထီးတစ်ကောင် ဝင်ရောက်ဖျက်ဆီးသဖြင့် လူနေတဲအိမ်နှစ်လုံးနှင့် ဘုန်းကြီးကျောင်းသိမ်အတွင်းမှ ပစ္စည်းအချို့ ပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
28-Jun-2019
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၊ ငိုင်မောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များ တောင်ဖြုတ်ကိုက်ခံရသည့် ဝေဒနာခံစားနေရပြီး ဆေးဝါးကုသပေးရန် လိုအပ်လျက်ရှိကြောင်း ငိုင်မောင်းကျေးရွာ ဒေသခံများက ပြောကြားသည်။
27-Jun-2019
ဘင်္ဂလားပင်လယ်အော်တွင် လာမည့်သီတင်းပတ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ပြီး အညာဒေသတွင် မိုးကောင်းနိုင်ဖွယ်ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောကြားသည်။
26-Jun-2019
တနင်္သာရီတိုင်းတွင် ယခုနှစ် ငါးလတာကာလအတွင်း ယာဉ်မတော်တဆမှုများကြောင့် လူတစ်ရာနီးပါး သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန စာရင်းအရ သိရသည်။