News

08-Feb-2017
မြန်မာ-အိန္ဒိယနယ်စပ် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆောင်မြို့တစ်ဖက်ကမ်း အိန္ဒိယနိုင်ငံ အရူနားချား ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေပြီး ပန်ဆောင်မြို့နှင့် နန်ပေါင်မြို့အကြား နယ်စပ်ဂိတ်နှင့် နယ်စပ်ဈေး ပိတ်ထားသည့်အတွက် ဒေသခံများ အစားအသောက် အခက်အခဲနှင့် ကြုံတွေ့နေရကြောင်း ဒေသခံများထံမှ သိရသည်။
08-Feb-2017
ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ စစ်ရှောင်စခန်းများသို့ ထပ်မံ ရောက်ရှိလာသော မိသားစုများ နေထိုင်ရန် ယာယီ မိုးကာတဲများ အရေးပေါ် လိုအပ်ကြောင်း ယင်းစစ်ရှောင် မိသားစုများထံမှ သိရသည်။
07-Feb-2017
မြစ်ကြီးနားမြို့ စိမ်းမြဧရာ ပန်းခြံနားရှိ လွတ်လပ်မြေနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် စိုက်ထူခြင်းကို ဆိုင်းငံ့ပေးရန် ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ တောင်းဆိုလိုက်ကြောင်း ကချင်နိုင်ငံရေး ဦးဆောင်မှု ကော်မတီ KPCC က သတင်းထုတ်ပြန်သည်။
06-Feb-2017
ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ ဗဟိုကျောင်း ကျောင်းထိုင်ဆရာတော် ဦးအာစာရကို WY စိတ်ကြွမူးယစ်ဆေးပြားများနှင့်အတူ လက်နက်များကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ညနေက ဖမ်းဆီးရမိခဲ့ကြောင်း မောင်တောမြို့တွင် လုံခြုံရေး တာဝန်ယူထားသည့် ဒုတိယရဲမှူးကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။
06-Feb-2017
မော်တော်ဆိုင်ကယ်ဖြင့် ကျပ်နှစ်သောင်းခွဲကျော် တန်ဖိုးရှိ ထန်းရည်သယ်ဆောင်လာသူများကို မကွေးတိုင်းဒေသကြီး ငဖဲမြို့နယ် ငဖဲ-ရွှေစက်တော် မြေသားလမ်းပေါ်တွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း ယင်းမြို့နယ် မြို့မရဲစခန်းထံမှ သိရသည်။
06-Feb-2017
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ် အနီးတစ်ဝိုက်၌ မေယုအက်ဖ်အမ် ထုတ်လွှင့်ရန် ပြန်ကြားရေး ဝန်ကြီးဌာနမှ ဆောင်ရွက်နေသော ကိစ္စရပ်များကို လူထုဆန္ဒနှင့်အညီ ရပ်ဆိုင်းရန် ပြည်နယ်လွှတ်တော်၌ ရခိုင်အမျိုးသားပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က အရေးကြီးအဆို တင်သွားမည် ဖြစ်ကြောင်း ယင်းပါတီထံမှ သိရသည်။
06-Feb-2017
ပြည်ထောင်စုလမ်းပိုင်း သိန်းနီရေပူ အမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ကျပ်သိန်း ၁၂၀၀ ကျော် တန်ဖိုးရှိ အထောက်အထားမဲ့ အထည်ချုပ် လုပ်ငန်းသုံး ပစ္စည်းများနှင့် အသင့်ချုပ်ပြီး အထည်များကို သိမ်းဆည်းရမိခဲ့ကြောင်း သိန်းနီရေပူ အမြဲတမ်း စစ်ဆေးရေးစခန်းထံမှ သိရသည်။
06-Feb-2017
ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်၊ မြို့၊ ရပ်ကွက်၊ ကျေးရွာ အမည်များကို မိမိတို့ သဘောအလျောက် ပြင်ဆင်သတ်မှတ်မှုများကို အသိအမှတ်ပြု လက်ခံမည် မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်က ပြောကြားသည်။
05-Feb-2017
မောင်တောဒေသအတွင်းရှိ တိုင်းရင်းသားကျေးရွာများ အပါအဝင် နယ်စပ်တစ်လျှာက်လုံခြုံရေးကို အထူးအလေးပေး ဆောင်ရွက်လျက်ရှိကြောင်း မောင်တော ကျီးကန်းပြင် နယ်ခြားစောင့်ရဲတပ်ရင်း ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
05-Feb-2017
မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေး တောင်ဘက်တံခါးပေါက်ကို ဖေဖော်ဝါရီလ ၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။
05-Feb-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်ရှိ ကျန်းမာချမ်းသာ သောက်ရေသန့်စက်ရုံကို စက်ရုံတွင် ရှိရမည့် အဆောက်အအုံပုံစံနှင့် မကိုက်ညီသဖြင့် ထုတ်လုပ်မှု ယာယီပိတ်သိမ်းထားကြောင်း ကလေးခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒေါက်တာကောင်းထက်ဦးက ပြောကြားသည်။
04-Feb-2017
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မုပွန်နယ်မြေ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁ နာရီခွဲခန့်က ဖမ်းဆီးစစ်ဆေးဆဲ တရားခံ ၄ ဦး အချုပ်ခန်းဖောက် ထွက်ပြေးလွတ်မြောက်ခဲ့သည်။
04-Feb-2017
ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မိုင်းရှူးမြို့နယ် ကြံ့ခိုင်ရေးပါတီဝင် ဦးစိုင်းစံညွှန့်သည် ပါတီအောင်နိုင်ရေးအတွက် လူထုတွေ့ဆုံပွဲ ကျင်းပပြီးနောက် နေအိမ်သို့ ပြန်ရောက်စဉ် သေဆုံးသွားကြောင်း ကြံ့ခိုင်ရေးပါတီထံမှ သိရသည်။
04-Feb-2017
စစ်ကိုင်းတိုင်း ခန္တီးမြို့နှင့် မုံရွာမြို့သို့ ချင်းတွင်းမြစ်ကြောင်းအတိုင်း အမြန်ရေယာဉ်များ တိုက်ရိုက်ပြေဆွဲနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုလိုက်ပြီ ဖြစ်သည့်အတွက် ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ကာ ပြေးဆွဲတော့မည် ဖြစ်ကြောင်း ပြေးဆွဲခွင့်ရသည့် အသင်းထဲမှ အသင်းတစ်သင်း ဖြစ်သည့် ရွှေနဒီ အမြန်ရေယာဉ် အသင်းမှ ကိုမျိုးက ပြောကြားသည်။
04-Feb-2017
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ရခိုင်တိုင်းရင်းသားများ နေထိုင်သော အောင်ဇေယျ ကျေးရွာအနီးသို့ ဖေဖော်ဝါရီလ ၃ ရက်နေ့ ညပိုင်းက မင်္သကာဖွယ် လူအုပ်စု တက်လာသဖြင့် သေနတ်ပစ်ဖောက် တားဆီးခဲ့ရကြောင်း ကျီးကန်းပြင် နယ်ခြားစောင့် ရဲတပ်ရင်း ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။