News

14-Mar-2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်း ယမန်နှစ် စိုက်ပျိုးရာသီက ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု ငါးခုမှ မိုးစပါးစိုက်တောင်သူ ၄၀၀ ကျော်ကို ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၉ နာရီခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက စပါးမျိုးတင်း ၂၀၀၀ ကျော်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းစိုးက ပြောကြားသည်။
14-Mar-2017
စစ်ကိုင်းတိုင်းအတွင်းရှိ အနှေးယာဉ် လုပ်သားများကို အကူအညီပေးနိုင်မည့် အဖွဲ့အစည်းတစ်ခုကို ယခုလအတွင်း ဖွဲ့စည်းမည်ဖြစ်ကြောင်း ကနီမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းက ပြောကြားသည်။
13-Mar-2017
ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း သစ်တောဦးစီးဌာနပိုင် ကြိုးဝိုင်းကြိုးပြင်တောများတွင် မတ်လ ၁၁ ရက်နှင့် ၁၂ ရက်အထိ နှစ်ရက်ဆက်တိုက် ကျွန်းသစ်ခွဲသားများ ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိကြောင်း
13-Mar-2017
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တဗွန်ပြယ်ရွာတွင် အသက်သုံးနှစ်အောက် နို့စို့ကလေးငယ်များ၌ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသဖြင့် ဆီဆိုင်မြို့နယ်ဆေးရုံသို့ ကလေးငယ်လေးဦး တက်ရောက်ကုသမှု ခံယူလျက် ရှိကြောင်း ယင်းဒေသခံများထံမှ စုံစမ်းသိရှိရသည်။
13-Mar-2017
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၌ တရားမဝင် သစ်ခိုးထုတ်သော တရုတ်နိုင်ငံသား ၁၁ ဦးနှင့် ယာဉ်ယန္တရားမျိုးစုံ ၉၉ စီးတို့ကို တပ်မတော်က ဖမ်းဆီးရမိကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံးက မတ်လ ၁၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
13-Mar-2017
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ထိပ်ဝပြင်ကျေးရွာအုပ်စု၊ ရုပ်ချောင်းကျေးရွာတွင် မတ်လ ၁၂ ရက် နံနက်ပိုင်းက လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်သဖြင့် နေအိမ် ၂၅ လုံးပျက်စီးခဲ့ကြောင်း မြောက်ဦးမြို့နယ် မီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
12-Mar-2017
အကြမ်းဖက်ခံရသည့် အမျိုးသမီးများအတွက် ဥပဒေရေးရာ၊ ကျန်းမာရေး စသည့် ဝန်ဆောင်မှုများ တစ်နေရာတည်း ရရှိစေမည့် ဝန်ဆောင်မှုဌာနများ ရန်ကုန်နှင့် မန္တလေးတွင် ဖွင့်လှစ်မည်
12-Mar-2017
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကျောက်မဆင် ၁ ဘိနယ်မြေ ရိုးမကြိုးပြင်ကာကွယ်တောအတွင်း မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်က တရားမဝင် ကျွန်းသစ်ခွဲသား ၃ ဒသမ ၆၉ တန်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ
12-Mar-2017
တိုင်းရင်းသား မျိုးနွယ်စုပေါင်း များစွာနေထိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမရှေ့ မြေကွက်လပ်တွင် ဒေသခံ တိုင်းရင်းသားများ သဘောဆန္ဒရှိပါက ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူပေးမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။
12-Mar-2017
မြိတ်ကျွန်းစုဒေသနှင့် မြိတ်ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် ခုံး၊ ကမာ၊ ခရုမျိုးစုံနှင့် အခွံမာ သတ္တဝါများကို စီးပွားဖြစ် မွေးမြူနိုင်ရန် ဂျပန်နိုင်ငံ JIRCAS အဖွဲ့က လေ့လာနေသည်ဟု မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
12-Mar-2017
တောင်ငူမြို့ အရှေ့ဘက် ကိုးမိုင်ခန့်အကွာ သမိုင်းဝင် မြတ်စောညီနောင် ဘုရားပွဲသို့ ဒေသတွင်း ကျေးရွာများမှ နွားလှည်းဖြင့် ဘုရားဖူးလာသူ တစ်နှစ်ထက်တစ်နှစ် နည်းလာကြောင်း ဘုရားဖူး လာရောက်သူများက ပြောကြားသည်။
12-Mar-2017
ထားဝယ် ပြည်သူ့ဆေးရုံကြီးတွင် ခွဲစိတ်အထူးကု ဆရာဝန်ကြီးတစ်ဦး အရေးပေါ်လူနာ လာပို့သည်ကို ညအချိန်မတော် ရမ်းကားခဲ့ကြောင်း ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီ သယ်ဆောင်ရေး အဖွဲ့နှင့် ခွဲစိတ်ဆောင်ရှိ လူနာစောင့်အချို့ထံမှ သိရသည်။
11-Mar-2017
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် မတ်လ ၁၀ ရက်နေ့ ည ၉ နာရီခန့်က သတင်းပေးချက်အရ တရုတ်ကြက်ဥဖာ ၁၅၉ ဖာကို ဖမ်းဆီးရရှိခဲ့ကြောင်း
11-Mar-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် မတ်လ ၁ ရက်နေ့မှ ၁၁ ရက်နေ့အထိ ရွာသွန်းခဲ့သည့် မိုးကြောင့် ဒေသအတွင်းရှိ မြို့နယ်များဖြစ်သော ပန်ဆောင်-နန်းယွန်းနှင့် ကချင်ပြည်နယ် ရှင်ဗွေယန်မြို့များကို ဆက်သွယ်သွားလာရသည့် ကားလမ်း ပျက်စီး
11-Mar-2017
ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မတ်လ ၈ ရက်နေ့က ကျပ်သိန်းပေါင်း တစ်သောင်းခွဲကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့သည့်တရားခံကို စစ်ဆေးရာမှ မတ်လ ၁၀ ရက်နေ့တွင် ၎င်း၏ နေအိမ်မှ ကျပ်သိန်းပေါင်း တစ်ထောင့်သုံးရာကျာ် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးရမိ