News

17-Mar-2019
ကျိုက်ထိုမြို့နယ် ကျိုက်ထီးရိုးတောင်ပေါ်ရှိ ပျံကျဈေးသည်များနှင့် ကျူးကျော်ဈေးသည်များကို ဒေသန္တရအမိန့်ထုတ်၍ဖယ်ရှားပေးရန် ကျိုက်ထီးရိုး တောင်ပေါ်ဈေးသူဈေးသားများအဖွဲ့မှ ပြည်နယ်အစိုးရကို တောင်းဆိုခဲ့ကြသည်။
17-Mar-2019
ပလက်ဝတံတားစီမံကိန်း၌ အသုံးပြုရန် သံဘောင်များတင်ဆောင်လာသည့် ရေယာဉ်တစ်စင်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှမဒါကျေးရွာအနီး ကုလားတန်မြစ်ကြောင်းအတွင်း AA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်ခြင်းခံရပြီးနောက် ပလက်ဝ- ကျောက်တော်ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကိုလည်း ရပ်နားထားကြောင်း ယင်းဒေသခံများထံမှ သိရသည်။
16-Mar-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရာတွင် မြေယာသိမ်းဆည်းခံရသည့် ဒေသခံတောင်သူများက လျော်ကြေးရရှိလိုသည်နှင့်ပတ်သက်၍ တွေ့ဆုံညှိနှိုင်းပေးရန် မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးနှင့် ဝမ်ပေါင်ကုမ္ပဏီထံ စာပေးပို့ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
16-Mar-2019
ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ အများပြည်သူများ သိရှိစေရန် ရုပ်ရှင်ရုံများ၌ ယခုရက်ပိုင်းအတွင်း ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ခိုင်က ပြောကြားသည်။
15-Mar-2019
တနင်္သာရီဝန်ကြီးချုပ်နှင့်အတူ အဂတိစွပ်စွဲချက်များဖြင့် ပြီးခဲ့သည့်သီတင်းပတ်က ထိန်းသိမ်းခံလိုက်ရသည့် GGS ကုမ္ပဏီ မန်းနေးဂျင်းဒါရိုက်တာ ဦးသိန်းထွေးသည် သမဝါယမဘဏ် (CB ဘဏ်)၏ ဒုဥက္ကဋ္ဌရာထူးမှ လွန်ခဲ့သည့်နှစ်များကတည်းက အနားယူသွားသူဖြစ်ပြီး ၎င်းဖမ်းဆီးခံရခြင်းသည် ဘဏ်အပေါ် ရိုက်ခတ်မှု တစုံတရာမရှိနိုင်ဟု ဘဏ်၏ပြောရေးဆိုခွင့်ရှိသူက Myanmar Now ကို ပြောသည်။
15-Mar-2019
ဟားခါးမြို့ပေါ်တွင်နေထိုင်သည့် ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရေးအတွက်ဟုဆိုကာ ရေစည်တစ်ပီပါလျှင် ငွေကျပ် ၁၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း ဟားခါးမြို့၊ စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ကြေညာသည်။
14-Mar-2019
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ တာလော့ရပ်ကွက်ရှိ ငွေလဲဆိုင်တွင် မတ်လ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ထိုင်းနိုင်ငံသားတစ်ဦးထံမှ ဒေါ်လာ ၁၀၀ တန် အတုများ ဖမ်းဆီးရမိကြောင်း
14-Mar-2019
ဧရာဝတီတိုင်းအတွင်း မြို့နယ်များရှိ တရားမဝင် လုပ်ကိုင်နေသော မြစ်သဲ၊ မြစ်ကျောက်၊ ချောင်းကျောက်၊ တောင်ကျောက် ကျောက်စရစ်၊ အုတ်စသည့်လုပ်ငန်းများကြောင့် ပတ်ဝန်းကျင်ပျက်စီးမှုနှင့် အခွန်ငွေရရှိမှု ထိခိုက်လျက်ရှိနေကြောင်း
14-Mar-2019
မော်လမြိုင်မြို့ ကြာအင်းကျေးရွာတွင် အသစ်တည်ဆောက်ထားသော ဗညားဒလ တန်ဖိုးသင့်အိမ်ရာမှ တိုက်ခန်းများအတွက် ဈေးနှုန်းသတ်မှတ်ထားပြီးဖြစ်၍ ယခုလအတွင်း လျှောက်လွှာများ ရောင်းချပေးမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။
14-Mar-2019
အောင်လံမြို့နယ် စည်ပင်သာယာရေးအဖွဲ့က သားသတ်လိုင်စင် ရရှိထားသူများကို စာချုပ်ပါ စည်းကမ်းများအတိုင်း ရောင်းချရန် ခေါ်ယူသတိပေးခဲ့ပြီး၊ ဈေးပိုမိုတင်ကာ ရောင်းချမှုများတွေ့ရှိပါက အရေးယူမှုများ ပြုလုပ်သွားမည်ဟု အမှုဆောင်အရာရှိ ဦးမြလင်းက ပြောသည်။
13-Mar-2019
ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် အစိုးရတပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ဒုက္ခသည် ဦးရေ အရေအတွက်သည် တစ်သောင်းကျော်ရှိနေကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံးအတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက ပြောကြားသည်။
12-Mar-2019
ယမန်နှစ်က စတင်ဖွဲ့စည်းထားသည့် ထားဝယ်ခရိုင် တရားမဝင် ကုန်သွယ်မှု တားဆီးရေးအထူးအဖွဲ့က လုပ်ငန်းများ ထိရောက်စွာ လုပ်ဆောင်နိုင်မှု မရှိကြောင်း အထက်ပါအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ကျော်ဦးက ဝေဖန်လိုက်သည်။
12-Mar-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ယခုနှစ်သင်္ကြန်ပွဲတော်ကို မြို့တော်ခန်းမ အပါအဝင် နေရာသုံးခု၌ ကျင်းပသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောကြားသည်။
11-Mar-2019
မြန်မာ့ယာဉ်ကျေးမှုဓလေ့ထုံစံအတိုင်း ဆံရစ်ဝိုင်းပုံသဏ္ဍာန်များဖြင့်နေထိုင်ကြသော ရေပုတ်ကြီးကျေးရွာမှ ဆံရစ်ဝိုင်းအမျိုးသမီး၄၅ ဦးသည် ပြည်ထောင်စုလွှတ်ကို လေ့လာရန် ပထမအကြိမ် သွားရောက်မည်ဟု မကွေးတိုင်းဒေသကြီး အစိုးရ အဖွဲထံမှသိရသည်။
11-Mar-2019
မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် သခွတ်မြင့်ကျေးရွာအုပ်ချုပ်ရေးမှူးသည် စိုက်ပျိုးစရိတ်ချေးငွေပေးသွင်းရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ဝမ်းတွင်း)သို့ သွားသွင်းမည့် ကျပ်(၆၃)သိန်းကို မတ်လ ၁၀ ရက်နေ့က လုယက်ခံခဲ့ရကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။