News

15-Sep-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ် (၂) ရပ်ကွက်တွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မိမိနေအိမ်ကို မီးရှို့ပြီး ထွက်ပြေးတိမ်းရှောင်နေသည့် အမျိုးသားကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့မ ရဲစခန်းထံမှ သိရသည်။
14-Sep-2017
တောင်တွင်းကြီးမြို့တွင် စက်တင်ဘာ ၁၀ ရက်နေ့ ညက လူစုလူဝေးဖြင့် ဆူပူအကြမ်းဖက်ခဲ့သူများကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားကြောင်း တောင်တွင်းကြီး မြို့မရဲစခန်းထံမှ သိရသည်။
14-Sep-2017
မူးယစ်မှုဖြင့် ထောင်ဒဏ် ၁၆ နှစ် ကျခံနေရသည့် အသက် ၇၀ နှစ်ခန့်အရွယ် အကျဉ်းသားတစ်ဦးသည် စက်တင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီခွဲခန့် ကျိုင်းတုံမြို့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သေဆုံးသွားကြောင်း ကျိုင်းတုံမြို့ အကျဉ်းထောင်ထံမှ သိရသည်။
13-Sep-2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီအချိန်က ဝမ်ပေါင် ကုမ္ပဏီက ရေထုတ်မြောင်း ဖောက်လုပ်နေမှုကို ရပ်ဆိုင်းရန်အတွက် ဒေသခံတောင်သူများက ယင်းရေထုတ်မြောင်းကို ဖျက်ဆီး၍ ဆန္ဒပြခဲ့ကြသည်။
13-Sep-2017
တောင်တွင်းကြီး ပဋိပက္ခဖြစ်စဉ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လူအချို့ကို ငွေပေးစေခိုင်းသည်ဟု လူမှုကွန်ရက်ပေါ်တင်သူ တစ်ဦးကို အမှုဖွင့်ရန် စီစဉ်နေကြောင်း မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဆန်းညွန့်အောင်က ပြောကြားသည်။
13-Sep-2017
ပြည်မြို့ ရွှေတံခါးရပ်ကွက် ပြည်- အောင်လံလမ်း တာဂွလမ်းဆုံအနီး ပြည်မှ အောင်လံဘက်သို့ ရဲအရာရှိ အယောင်ဆောင်လာသူ တစ်ဦးကို စက်တင်ဘာလ ၁၂ ရက်နေ့ ညက လိုင်စင်မဲ့ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
13-Sep-2017
တနင်္သာရီတိုင်းအတွင်း နေရာအနှံ့တွင် ဘင်္ဂါလီဝင်သည်ဟူသည့် သတင်း ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်ခဲ့ရာ လက်ရှိအချိန်ထိ အဆိုပါ သတင်းအားလုံးမှာ ကောလာဟလများသာ ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
13-Sep-2017
မြိတ်တွင် ရိုးရာမုန့်များနှင့် ဒေသထွက်ကုန်များ ရောင်းချမည့် ညဈေးတန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။
13-Sep-2017
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ မြို့လယ်လမ်းဆုံ၌ ယနေ့(စက်တင်ဘာ ၁၃ ရက်) နံနက်က အဓိကရုဏ်း ထိန်းသိမ်းသည့် ရော်ဘာကျည်ဆန်သုံး သေနတ်မှ ကျည်ဆန်ထွက်ခဲ့၍ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တောင်တွင်းကြီးမြို့မရဲစခန်းထံမှ သိရသည်။
13-Sep-2017
တောင်ငူမြို့နယ် မြောက်ရေကြည်ကျေးရွာအုပ်စု ကုလားရွာအနီး တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသူများကို စက်တင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လုပ်ငန်းသုံး စက်ယန္တယားများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းကုန်းနယ်မြေ ရဲစန်းထံမှ သိရသည်။
13-Sep-2017
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်-ဒုံဟီး-နန်းယွန်း မြို့သုံးခုကို ဆက်သွယ်သွားလာသည့် ကားလမ်းသည် မိုးဆက်တိုက်ရွာကာ မြေပြိုကျသဖြင့် ဒေသခံတိုင်းရင်းသားများ ခက်ခဲစွာ သွားလာနေကြရကြောင်း နန်းယွန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။
12-Sep-2017
ဗကသ ကျောင်းသားဟောင်း နှစ်ဦးကို တပ်မတော်ဘက်မှ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို စက်တင်ဘာလ ၁၂ ရက် မွန်းလွဲပိုင်းက တပ်မတော်ဘက်မှ တာဝန်ရှိသူတစ်ဦးက လာရောက် ရုပ်သိမ်းခဲ့ကြောင်း တောင်ငူမြို့နယ် တရားရုံး အသိုင်းအဝိုင်းထံမှ သိရသည်။
12-Sep-2017
လာမည့်ပွင့်လင်းရာသီတွင် တနင်္သာရီတိုင်းအတွင်း ခရီးသွားဇုန်ကြေး ကောက်ခံမည့်အစီအစဉ် အထမမြောက်ဟု တနင်္သာရီ တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောကြားသည်။
12-Sep-2017
ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်ရှိ အခြေခံပညာကျောင်းပေါင်း ၂၀ ကို ယနေ့ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် ပညာရေးမှူး ဦးအောင်ကျော်ထွန်းက ပြောကြားသည်။
11-Sep-2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တည်ဆောက်မည့် တိုင်းလွှတ်တော်တည်ဆောက်ရေး ဆက်လက် ဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်တွင် အသေးစိတ်စာရင်း ရေးဆွဲနေကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။