News

17-Sep-2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မဟာဗန္ဓုလ လမ်းမကြီးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေး ကွန်ရက် (ဗဟို)၏ အစီအစဉ်ဖြင့် အမေ့မေတ္တာ အခမဲ့ စက်ချုပ်သင်တန်းကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့မှ သိရသည်။
17-Sep-2017
တောင်တွင်းကြီးအကြမ်းဖက်မှု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကျေးရွာသားအချို့ကို ငွေပေးခိုင်းစေသည်ဟု အွန်လိုင်းတင်သူကို တောင်တွင်းကြီးမြို့နယ် ယင်းပါတီဥက္ကဋ္ဌ ဦးကြည်သိန်းက တရားလိုပြုလုပ်ကာ စက်တင်ဘာ ၁၆ ရက် ညနေပိုင်းက တောင်တွင်းကြီး မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း ယင်းပါတီရုံးထံမှ သိရှိရသည်။
17-Sep-2017
ကျိုင်းတုံမြို့နယ်အတွင်း ဆေးဆိုင်များတွင် ဆေးဝါးအတုများ ရောင်းချခြင်း မရှိစေရေး စက်တင်ဘာလ ၁၂ ရက်ကစ၍ ဆေးဝါးအတုများကို စစ်ဆင်ရေးဖြင့် ရှာဖွေဖမ်းဆီးနေကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကြီးက ပြောကြားသည်။
17-Sep-2017
နိုင်ငံခြားသားများ ဝင်ထွက်သွားလာမှုကို ကန့်သတ်ထားသည့် သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု ဖော့တောကျေးရွာသို့ စက်တင်ဘာလ ၁၄ ရက်နေ့ညက ဝင်ရောက်လာခဲ့သော တရုတ်နိုင်ငံသား နှစ်ဦးကို ကျပ်ငါးသိန်းစီ ဒဏ်ရိုက်အရေးယူခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ ဒုရဲအုပ်ဆန်းဦးက ပြောဆိုသည်။
17-Sep-2017
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းပြောကြားမှုကို ပြည်သူများ ကြည့်ရှုနားထောင်နိုင်စေရန် ကလေးမြို့ စည်ပင်သာယာရုံးရှေ့တွင် ပရိုဂျက်တာဖြင့် ပြသပေးသွားမည် ဖြစ်ကြောင်း ကလေးမြို့ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းရွှေက ပြောကြားသည်။
16-Sep-2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေး ကော်မတီသည် စက်တင်ဘာလ ၁၈ ရက်တွင် ရခိုင်ပြည်နယ်သို့ ကွင်းဆင်းမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး အမြဲတမ်း အတွင်းဝန် ဦးစိုးအောင်က ပြောကြားသည်။
16-Sep-2017
မွန်ပြည်နယ်၏ အဓိက ထုတ်ကုန်ဖြစ်သော ရော်ဘာမှာ ယခုနှစ်ရာသီအစတွင် ယခင်နှစ်ထက် ဈေးကောင်းရနေကြောင်း မွန်ပြည်နယ် ရော်ဘာလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
16-Sep-2017
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျောက်ဖြူကျေးရွာအုပ်စု ကျောက်ဖြူကျေးရွာအနီး ရွှေတူးဖော်မှုကြောင့် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာသဖြင့် စက်တင်ဘာ ၁၄ ရက်က တိုင်းအစိုးရထံ တိုင်ကြားခဲ့ကြောင်း ကျောက်ဖြူကျေးရွာတောင်သူများက ပြောကြားသည်။
16-Sep-2017
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်အတွင်း မြို့နယ်လေးမြို့နယ်မှ အသက် ၉၀ နှစ်နှင့်အထက် သက်ရှိထင်ရှားရှိသူ သက်ကြီးရွယ်အို ၂၀၃ ဦးအတွက် ဒုတိယသုံးလစာ အမျိုးသား လူမှုရေးပင်စင်ကို ယခု စက်တင်ဘာလ တတိယပတ်အတွင်း ပေးမည်ဖြစ်ကြောင်း ဗန်းမော်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ သိရှိရသည်။
16-Sep-2017
ချင်းပြည်နယ် တီးတိန်မြို့နှင့် ရိဒ်ခေါဒါရ်မြို့အကြား မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေကားလမ်း ပြုပြင်မည် ဖြစ်သည့်အတွက် ကုန်ကားများ သွားလာမှုကို သီတင်းနှစ်ပတ်ကြာ ပိတ်ထားမည် ဖြစ်ကြောင်း ဖလမ်းခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။
16-Sep-2017
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် မြောက်ဘက်အထွက် ထီးလှိုင်ဘိနယ် ငွေတောင်ဘုန်းတော်ကြီးကျောင်းရှေ့တွင် စက်တင်ဘာလ ၁၅ ရက် နံနက် ၃ နာရီခန့်က ALPHARD မော်တော်ယာဉ်တစ်စင်းနှင့် ဆိုင်ကယ်ဘေးတွဲတစ်စီးပေါ်မှ တရားမဝင် ပျဉ်းကတိုးကြမ်းပြား ၆၉၅ ချောင်း ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်ဟု တောင်ငူမြို့နယ် သစ်တောဦးစီးဌာနမှ သိရှိရသည်။
16-Sep-2017
မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ဝါးဖြူတောင်ကျေးရွာအုပ်စု ဖော့တော့ကျေးရွာရှိ နိုင်ငံခြားသားများ ကန့်သတ်နယ်မြေအတွင်း စက်တင်ဘာလ ၁၄ ရက် ညပိုင်းက စည်းကမ်းဖောက်ဖျက် ဝင်ရောက်လာခဲ့သည့် တရုတ်နိုင်ငံသားနှစ်ဦးကို လဝက ဥပဒေဖြင့် အရေးယူထားကြောင်း သပိတ်ကျင်းမြို့နယ် လဝက ဦးစီးအရာရှိ ဦးထိန်လင်းက ပြောကြားသည်။
15-Sep-2017
ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက် အာခါဈေးအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဆောက်လုပ်ရေးလုပ်သားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့မ ရဲစခန်းထံမှ သိရသည်။
15-Sep-2017
မိုးကောင်းမြို့နယ် နမ္မတီးမြို့မှ ဆယ်မိုင်ကျော်ရှိ နန့်ခမ်းခချောင်းဘေးသို့ ဝါးမျှစ်ချိုးသွားသော မချိုသဲ အမည်ရှိ အမျိုးသမီး မိုင်းနင်းမိ၍ ဘယ်ခြေထောက် ပြင်းပြင်းထန်ထန် ထိခိုက်သွားကြောင်း ၎င်း၏ ဆွေမျိုးများထံမှ သိရသည်။
15-Sep-2017
အနိမ့်ဆုံးလုပ်ခ သတ်မှတ်နိုင်ရန် အဆိုပြုချက်များ တောင်းခံရာတွင် တနင်္သာရီတိုင်းတွင် ကော့သောင်းခရိုင် အလုပ်သမားများဘက်မှ အမြင့်ဆုံး အဆိုပြုခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။