News

30-Nov-2016
ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်- လားရှိုးပြည်ထောင်စုလမ်းအပိုင်းရှိ ကွန်ကရစ်တံတား နှစ်စင်းမှာ ယနေ့(နိုဝင်ဘာလ ၃၀ ရက်) နံနက်ပိုင်းက မိုင်းထောင်ဖျက်ဆီးခြင်းခံရသဖြင့် ကုန်တင်ယာဉ်ကြီးများ ဖြတ်သွားသွားလာ၍ မရကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့ ဒုတိယရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်
30-Nov-2016
"နယ်မြေမငြိမ်းချမ်းတော့ ဟိုဘက် (တရုတ်) မှာသွားရောင်းနေရတယ်။ မနက်ဖြန် (နိုဝင်ဘာ ၃၀) မှာ တရုတ် ဘက်က သစ်သီးဝယ်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ မြန်မာဘက်ကအဖွဲ့တွေ ဆွေးနွေး တာလုပ်မယ်။ ဒီဇင်ဘာ ၁ ရက်နေ့တော့ ဒီဘက်မှာပဲ အရောင်းအ၀ယ် ပြန်လုပ်မှာပါ"
29-Nov-2016
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားပြီး ရှစ်ရက်အကြာတွင် မူဆယ်ဈေးကြီး အပါအဝင် စာသင်ကျောင်းများနှင့် ပုဂ္ဂလိကဘဏ်များ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း မူဆယ်မြို့ခံများထံမှ သိရသည်။
28-Nov-2016
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့သည့် ဒီဇင်ဘာ ၂ ရက်တွင် ရခိုင်ပြည်နယ်သို့ လာရောက်မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
27-Nov-2016
ရခိုင်ပြည်နယ်မှ ပြည်တွင်းသို့ ၀င်ထွက်ရာ လမ်းကြောင်းမှ စစ်ဆေးရေးအဖွဲ့များရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန (လ.၀.က) အမှုထမ်း ၇၀ ကျော်ကို ယခုရက်ပိုင်းအတွင်း နေရာရွှေ့ပြောင်း တာဝန်ပေးခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောကြားသည်။
27-Nov-2016
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် မန္တလေးမြို့မှ တစ်ဆင့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန် သွယ်ရေးစခန်းထိ ကုန်စည်ပို့ဆောင်မည့် ကုန်တင်ကားကြီးများ ငှားရမ်းခမှာ ယခင်ထက် နှစ်ဆခန့် ဈေးတက်သွားသည့်အပြင် ငှားရန်လည်း ခက်ခဲသွားကြောင်း မန္တလေးမြို့ခံ ကုန်စည်ပို့ဆောင် ရောင်းချနေသူများထံမှ သိရသည်။
27-Nov-2016
မြန်မာနိုင်ငံတွင်းမှ သတ်ဖြတ်ထားသော တောဆင်ရိုင်းများ၏ အရေခွံကို ရွှေလီတောရိုင်းတိရစ္ဆာန် ပစ္စည်းများ ရောင်းဝယ်ရေး ဈေးကွက်တွင် တစ်ပိဿာလျှင် ကျပ်သုံးသိန်းဖြင့် ၀ယ်ယူကြောင်း ဆင်အရေခွံ ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောကြားသည်။
27-Nov-2016
တိုင်းရင်းသား မျိုးနွယ်စုပေါင်း များစွာ နေထိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို နှစ်စဉ် ငါးရက်ကြာ ကျင်းပခဲ့သော်လည်း ယခုနှစ် နှစ်သစ်ကူး ပွဲတော်ကို လုံခြုံရေး အခြေအနေအရ သုံးရက်သာ ကျင်းပမည်
27-Nov-2016
နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့ ယမ်းကြိမ်ကျေးရွာ မီးလောင်မှုကြောင့် ဒုက္ခ ရောက်နေသည့် ပြည်သူများအတွက် ဝေဠုကျော် ဖောင်ဒေးရှင်းက အလှူငွေများ လှူဒါန်းနိုင်ရန် နာဂဦးစီးအဖွဲ့ထံ ဆက်သွယ်ထားကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရုံးမှ လက်ထောက် ညွန်ကြားရေမှူး ဦးသိန်းဇော်က ပြောသည်
25-Nov-2016
မန္တလေး-မူဆယ် ပြည်ထောင်စု ကားလမ်းမပေါ်တွင် ၂၂ ဘီး ကုန်တင်ယာဉ် နှစ်စီး၊ ခရီးသည်တင် မှန်လုံယာဉ် တစ်စီးနှင့် ပရာဒို အမျိုးအစား မော်တော်ယာဉ် တစ်စီးတို့ နိုဝင်ဘာလ ၂၅ ရက်နေ့က မီးရှို့ဖျက်ဆီး ခံလိုက်ရသည်။
25-Nov-2016
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် နိုဝင်ဘာလ ၂၀ ရက်မှ စတင်ဖြစ်ပေါ်ခဲ့သည့် တိုက်ပွဲများကြောင့် ရှမ်းနှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲကို ကျင်းပတော့မည် မဟုတ်ကြောင်း မူဆယ်မြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုကော်မတီက နိုဝင်ဘာလ ၂၅ ရက်နေ့စွဲဖြင့် ကြေညာချက် ထုတ်ပြန်လိုက်သည်။
24-Nov-2016
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ဒေသတွင် ဖြစ်ပေါ်နေသည့် တိုက်ပွဲများကြောင့် နယ်စပ်မှ ကုန်းလမ်းအတိုင်း ဝင်ရောက်လာမည့် ခရီးသွား ဧည့်သည်များကို လေကြောင်းလိုင်းမှတစ်ဆင့် လာရန် ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။
24-Nov-2016
မန္တလေး-မြစ်ကြီးနား ရထားလမ်း ပြည်ထောင်ရွာတွင် နိုဝင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီခွဲက ဘူတာအနီး ရပ်ထားသည့် အမှတ် ၈၁၀ ကုန်ရထားတစ်စင်းကို မန္တလေးမှ ဆန်တက်လာသည့် အမှတ် ၄၂၇ ကုန်ရထားက ခေါင်းချင်းဆိုင် ဝင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနား ရထားဘူတာရုံပိုင် ဦးကြည်ဆန်းက ပြောကြားသည်။
23-Nov-2016
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စု လမ်းမကြီးပေါ်တွင် (လားရှိုး - မူဆယ် လမ်းပိုင်း) သွားလာနေသည့် မော်တော်ယာဉ်များကို မြောက်ပိုင်း မဟာမိတ် တပ်ပေါင်းစုက တားဆီးပိတ်ဆို့ကာ သော့များကို သိမ်းယူ၍ ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်ကြောင်း ကိုယ်တွေ့ ကြုံခံရသူနှင့် ဒေသခံ ခရီးသွားများထံမှ စုံစမ်း သိရှိရသည်။
23-Nov-2016
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့အနီးနှင့် ကွတ်ခိုင်မြို့အနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒေသခံ ၃ဝဝဝ ကျော် ရှိနေပြီး ခြုံစောင်နှင့် အနွေးထည်များ လိုအပ်လျက် ရှိနေကြောင်း မူဆယ် ကရုဏာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောကြားသည်။