News

08-Jun-2017
ပျက်ကျ တပ်မတော်လေယာဉ်တွင် လိုက်ပါသည့် ခရီးသည်များ၏ ရုပ်အလောင်းများကို လိုက်လံရှာဖွေဆယ်ယူလျက်ရှိပြီး လက်ရှိတွင် လောင်းလုံးမြို့မှ ၄ မိုင်ခန့်ကွာသည့် စမ်းလှမ်းကမ်းခြေသို့ အလောင်းများကို သယ်ယူနေပြီး ဖြစ်ကြောင်း လိုက်လံကူညီဆယ်ယူနေသည့် ငါးဆွဲလှေပဲ့နင်း တစ်ဦးက ပြောသည်။
08-Jun-2017
မွန်ပြည်နယ်လွှတ်တော်၏ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး (ပထမနေ့) တွင် မွန်ပြည်နယ်အတွက် ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန ဝန်ကြီး ခန့်အပ်ရန် ပြည်နယ်ဝန်ကြီးချုပ်က ဦးမင်းကျော်လွင်ကို အမည်စာရင်း တင်သွင်းခဲ့သည်။
08-Jun-2017
ဧရာဝတီ တိုင်းဒေသကြီး၊ ငပုတော မြို့နယ်၊ ဟိုင်းကြီးကျွန်းဒေသရှိ ကျေးရွာများအတွင်းသို့ ကြွက်ဝမ်းဖြူများ ထောင်ချီ ဝင်ရောက်မှုမှာ အစာရေစာ ပြတ်လပ်မှုကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံးထံမှ သိရသည်။
07-Jun-2017
ဗန်းမော်မြို့ အရှေ့သာစည်ရပ်ကွက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်းကျောင်း လူနေဆောင်အပေါ်သို့ ယနေ့ (ဇွန်လ ၇ ရက်) နံနက် ၅ နာရီခန့်က လုံးပတ် ၇ ပေ၊ အလျားပေ ၁၀၀ ခန့်ရှိ ညောင်ကိုင်းကြိုးကျ၍ အဆောင်နေ ကျောင်းသူတစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း
07-Jun-2017
ဧရာဝတီမြစ်ရေလမ်းကြောင်းပြောင်းလဲပြီး မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျနေရာ မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်ရှိ သူဌေးကုန်းကျေးရွာ သည် ရွာလုံးကျွတ် ပြောင်းရွှေ့နေရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
06-Jun-2017
တစ်နှစ်လျှင် ကျပ်သိန်း တစ်ထောင်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လုပ်ဆောင်သော လွှတ်တော်ကိုယ်စားလှယ်များ ဦးဆောင်ပြုလုပ်သည့် လုပ်ငန်း ၁၃၉ ခုသည် ဗဟိုကော်မတီသို့ လုပ်ငန်းလွှဲပြောင်း ဆောင်ရွက်ခွင့်တင်ပြမှု မရှိခဲ့ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။
06-Jun-2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေဒေသ မီးလောင်ဂျိုင် ကျေးရွာအုပ်စုနှင့် ဂျိတ်လတ်ကျေးရွာ အုပ်စုအနီးတွင် တည်ဆောက်မည့် သဘာဝ ဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းနှင့်ပတ်သက်၍ ဖြစ်ပေါ်မည့် ကောင်းကျိုး၊ ဆိုးကျိုးကို အစိုးရက ပွင့်လင်းမြင်သာသည့် တာဝန်ယူမှု တာဝန်ခံမှု အထူး လိုအပ်ကြောင်း
06-Jun-2017
ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်ရာ၌ အသက် ၁၆ နှစ်အရွယ် ခြောက်ဦး ပါဝင်ကြောင်း ဇွန်လ ၅ ရက်နေ့ က နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ် ပြန်လိုက်သည်။
06-Jun-2017
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တပ်မတော်၏ တရားစွဲခံရသော ပုသိမ်မြို့ အခြေစိုက် လူအခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဦးဆောင်သူ ဦးထွန်းထွန်းဦးကို ပုသိမ်မြို့နယ် တရားရုံးက တရားစွဲဆိုသည့် ဇွန်လ ၅ ရက်တွင် နေ့ချင်း အာမခံပေးခဲ့သည်။
05-Jun-2017
ကချင်ပြည်နယ် ဗန်းမော်-မြစ်ကြီးနားသွားကားလမ်းမကြီးပေါ်တွင် ဇွန်လ ၄ ရက်က ကျပ်သိန်း ၂၇၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိခဲ့သည်။ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နယ်မြေခံရဲစခန်းက ဖမ်းမိခဲ့ခြင်းဖြစ်သည်။
05-Jun-2017
မြင်းခြံမြို့အနောက်ဖက် ၅ မိုင်ခန့်အကွာရှိ ထနောင်းတိုင်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် စာသင်ခန်း၊ စာသင်ခုံ၊ ဆရာ၊ ကျောင်းသားအချိုး အခြေအနေများကြောင့် အထက်တန်းကျောင်းသားများ ကျောင်းအပ်လက်မခံနိုင်တော့ကြောင်းကြေညာခဲ့ရာ ယနေ့(ဇွန်လ ၅ရက်)တွင် ပြန်၍ ကျောင်းအပ်လက်ခံပြီ
05-Jun-2017
ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) က မူဆယ်မြို့၊ တောင်ရပ်ကွက်ရှိ CB ဘဏ်သို့ ဆက်ကြေးငွေ ပေးဆောင်ရန် ခြိမ်းခြောက်စာပို့ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
04-Jun-2017
မိတ္ထီလာမြို့ရှိ အစ္စလာမ် ဘာသာဝင် အများစု နေထိုင်ရာ သီရိမင်္ဂလာရပ်ကွက်တွင် ဘာသာရေး အဆောက်အအုံ မဟုတ်သော နေရာသုံးခုတွင် စုပေါင်းဝတ်ပြုခြင်း မလုပ်ရန် ဇွန်လ ၃ ရက်နေ့က တားမြစ်လိုက်ကြောင်း မြို့နယ်စီမံခန့်ခွဲမှု ကော်မတီထံမှ စုံစမ်းသိရှိရသည်။
03-Jun-2017
နိုင်ငံတော်က အသက် ၉၀ နှစ်အထက် ဘိုးဘွားများကို ဇွန်လ ၁၅ ရက်မှစတင်၍ လူမှုရေးပင်စင်များ ပေးအပ်မည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြို့နယ်ကိုးခုရှိ ဘိုးဘွား ၁၈၂ ဦး လူမှုရေးပင်စင် ရရှိမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူး ဦးကျော်သူနိုင်က ပြောကြားသည်။
03-Jun-2017
မြန်မာနိုင်ငံရှိ သြစတေးလျ ကျောင်းသားဟောင်းများအဖွဲ့က ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ချောင်းသာကမ်းခြေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် ဒေသခံများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဟိုတယ်ဝန်ထမ်းများ အစိုးရဌာနဆိုင်ရာများနှင့် လက်တွဲကာ “CLEAN BEACH – CLAEN WATER CAMPAIGN”ကို မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ချောင်းသာကမ်းခြေဒေသ အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရသည်။