News

24-Sep-2017
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဂွေးတောက်ချောင်း ကျေးရွာတွင် စက်တင်ဘာလ ၂၂ ရက်နေ့က မြစ်ကမ်းပါးများ ပြိုကျခြင်းကြောင့် လူနေအိမ် ၇ လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
24-Sep-2017
ဓာတုပစ္စည်းပါဝင်သည့်အတွက် သုံးစွဲရန်မသင့်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က ထုတ်ပြန်ထားသည့် အလှကုန်ပစ္စည်းအချို့ကို ထားဝယ်ဈေးကွက်တွင် တွင်ကျယ်စွာ ရောင်းချနေကြဆဲ ဖြစ်သည်။
24-Sep-2017
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် မြောင်းမြ(ရွေးမြစ်) မြစ်ကူးတံတား တစ်စင်းကို မူလက ဆောက်လုပ်ထားသော တံတားဟောင်းဘေးတွင်ယှဉ်လျက် ပြည်ထောင်စု အစိုးရ၏ ငွေလုံးငွေရင်း ဘတ်ဂျက်ဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်၍ ထပ်မံ တည်ဆောက်လျက် ရှိသည်။
24-Sep-2017
လာမည့်နှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်(ဗဟို) ကို နာဂဒေသ နန်းယွန်းမြို့တွင် ဇန်နဝါရီလ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားစွာ ကျင်းပရန် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့နှင့် နာဂစာပေနှင့် ရိုးရာယဉ်ကျေးမှုအဖွဲ့တို့ သဘောတူ ဆုံးဖြတ်လိုက်သည်။
24-Sep-2017
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ သုံးဆယ်ကျေးရွာနှင့် ဆမ္မဆယ်ကျေးရွာအနီး ဖြုန်းတောင်တွင် စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီခန့်က ဖြုန်းတူးနေသည့် အမျိုးသားနှစ်ဦး ကျောက်တုံးပြိုကျရာမှ ပိမိသေဆုံးခဲ့ကြောင်း နောင်ချိုမြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
23-Sep-2017
နေပြည်တော် ခုတင်တစ်ထောင် ပြည်သူ့ဆေးရုံကို လုံခြုံရေးစီမံမှုများ တင်းကျပ်၍ လုံခြုံရေးဝန်ထမ်းဦးရေ တိုးမြှင့်ပြောင်းလဲမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
23-Sep-2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ဆောင်နေသော ဝမ်ပေါင် ကုမ္ပဏီက စီမံကိန်း ခြံစည်းရိုး တိုးချဲ့ခတ်ရန် အစီအစဉ် ရှိနေသည်ကို တိုင်းဒေသကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တို့က ကန့်ကွက်ထားသည်ဟု ဆားလင်းကြီးအမှတ် (၂) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သိန်းနိုင်က ပြောကြားသည်။
23-Sep-2017
မိတ္ထီလာမြို့ရှိ ကျောင်းမုန့်ဈေးတန်းများတွင် ဆိုးဆေးပါသောမုန့် ၁၅ မျိုး စစ်ဆေးတွေ့ရှိရကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန မိတ္ထီလာ ခရိုင်ဦးစီးမှူး ဒေါက်တာကျော်သန်းရွှေက ပြောကြားသည်။
23-Sep-2017
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အပါအဝင် မြို့နယ် အများစု၌ အသားတိုး မွေးမြူရေး ကြက်အရှင်ဈေးကွက်မှာ သုံးရက်အတွင်း ဈေးပြန်လည် မြင့်တက်လာခဲ့ကြောင်း မွေးမြူရေး လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။
23-Sep-2017
မွန်ပြည်နယ် ၁၀ မြို့နယ်အတွက် ဖွဲ့စည်းပုံအရ ယာဉ်ထိန်းရဲအင်အား အလုံအလောက် ခန့်ထားနိုင်ခြင်း မရှိသေးဘဲ ၄၀ ရာခိုင်နှုန်းခန့် လိုအပ်နေကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ ထံမှ သိရသည်။
23-Sep-2017
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရှုခင်းသာရင်ပြင်နှင့် ရေဆင်းတန်ဆောင်းကြားတွင် သဘာဝဘေး အရေးပေါ် ကယ်ဆယ်၊ အကူအညီပေးရေးရုံးကို စက်တင်ဘာလ တတိယပတ်က စတင် တည်ဆောက်နေပြီး သုံးလအတွင်း အပြီး တည်ဆောက်ရန် လျာထားကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရှိရသည်။
23-Sep-2017
ကျောင်းမုန့်ဈေးတန်းများတွင် တရုတ်နိုင်ငံထုတ် မုန့်များအစား ပြည်တွင်းထွက် ပဲဖြင့်ပြုလုပ်သည့်မုန့်များ ဈေးနှုန်း သက်သာစွာ ရောင်းချနိုင်ရေး အသေးစား စက်မှု၊ လက်မှုဦးစီးဌာနက ပြင်ဆင်နေကြောင်း စိုက်ပျိုးရေးဦးစီဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောကြားသည်။
23-Sep-2017
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မွှေ့လယ်ရွာတွင် ယနေ့(စက်တင်ဘာလ ၂၃ ရက်) နံနက် ၈ နာရီခွဲခန့်က ရှားပါးမျိုးသုဉ်းမည့်စာရင်းဝင် ဝက်ဝံတစ်ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဂန့်ဂေါမြို့နယ် သစ်တောဦးစီးဌာနထံမှ သိရသည်။
23-Sep-2017
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် စစ်တောင်းမြစ်ကမ်းပါရှိ ကူးတို့ဆိပ်ကျေးရွာ မူလတန်းလွန်ကျောင်းတွင် စက်တင်ဘာ ၂၂ ရက်က စာမရသည့် ဒုတိယတန်းကျောင်းသူ၊ ကျောင်းသားအချို့ကို စကပ်၊ ဘောင်းဘီချွတ်စေပြီး အပြစ်ပေးခဲ့သည့် မူလတန်းပြဆရာမ ဒေါ်သန္တာဆွေကို စုံခုံစစ်ဆေးနေကြောင်း ရေတာရှည်မြို့နယ် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
23-Sep-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့ အကျဉ်းထောင်တွင် စက်တင်ဘာလ ၂၂ ရက် နံနက် ၈ နာရီခွဲခန့်က မူးယစ်ဆေးဝါးများ ရောင်းဝယ်သည့် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးနှင့် အကျဉ်သားနှစ်ဦးကို ဖမ်းဆီးရမိကြောင်း မိုင်းဆတ်အကျဉ်းထောင်ထံမှ သိရသည်။