News

26-Sep-2017
နိုင်ငံခြားသို့ တင်ပို့နိုင်သော ဩဂဲနစ်သီးနှံများ ရရှိရန်နှင့် စိုက်ပျိုးတောင်သူများအနေနှင့် ဈေးကွက်ရသီးနှံများ စိုက်ပျိုးထုတ်လုပ်ရာတွင် အဆင်ပြေစေရန်အတွက် ကန်ထရိုက် လယ်ယာစနစ်ကို အောက်တိုဘာလတွင် ဖော်ဆောင်မည်ဖြစ်ကြောင်း မြထွေးကြွယ်လင်း ကုမ္ပဏီထံမှ သိရသည်။
26-Sep-2017
တနင်္သာရီတိုင်းအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)က ခွင့်ပြုထားသည့် သတ္တု၊ ဆီအုန်းနှင့် ရေနံချက်စက်ရုံ အပါအဝင် လုပ်ငန်း ၄ ခုကို လက်ရှိအစိုးရလက်ထက်တွင် ယာယီ ရပ်နားခိုင်းထားကြောင်း တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးက ပြောကြားသည်။
26-Sep-2017
သီးနှံဈေးနှုန်းများ ကျဆင်းနေသောကြောင့် သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာများမှ သီးနှံစိုက်ပျိုးသော တောင်သူများ အခက်ကြုံနေရကြောင်း ညောင်ပင်သာကျေးရွာ ဒေသခံ တောင်သူများက ပြောကြားသည်။
26-Sep-2017
မွန်ပြည်နယ် မြို့နယ်များမှ ယာဉ်လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ကော်မတီ(ယထက)များ စည်းမျဉ်းစည်း ကမ်းမလိုက်နာပါက သက်ညှာမည် မဟုတ် ဘဲ ဥပဒေနှင့်အညီ အရေးယူမည်ဟု မွန် ပြည်နယ် ဝန်ကြီးချုပ်က သတိပေး ပြောဆို လိုက်သည်။
25-Sep-2017
တရုတ်နိုင်ငံတွင် နေထိုင်ခွင့် လက်မှတ်အထောက်အထား မရှိသည့် မြန်မာအလုပ်သမား ၂၅၀ ကျော်ကို စက်တင်ဘာလ ၂၄ ရက်နေ့က မူဆယ်မြို့ရှိ မြန်မာ- တရုတ် နှစ်နိုင်ငံ ဝင်ထွက်ဂိတ် ရွှေနန်းတော်ဂိတ်တွင် လွှဲပြောင်းပေးခဲ့ကြောင်း မူဆယ်မြို့၊ လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
25-Sep-2017
တနင်္သာရီတိုင်းအတွင်း နေရာပေါင်း ၄၀ နီးပါးကို အထူးစောင့်ကြည့် ဧရိယာအဖြစ် စက်တင်ဘာလ ၁၀ ရက် နောက်ဆုံးထား သတ်မှတ်ကာ ပြည်သူအခြေပြုအဖွဲ့များကို ကနဦး ဖွဲ့စည်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
25-Sep-2017
ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လည်အစားထိုးပေးရန် စက်တင်ဘာလ ၁၁ ရက်က မြို့နယ်အုပ်ချုပ်ရေးမှူးထံ တိုင်ကြားထားကြောင်း အဆိုပါ ကျေးရွာသူ ရွာသားများထံမှ သိရသည်။
25-Sep-2017
ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ် မိုက်ကွမ်းကျေးရွာအနီးရှိ ကျောက်ထုတ်စခန်း၌ အကြွေးမပေးဘဲ မိဘထွက်ပြေးသဖြင့် အလုပ်သမားခေါင်းက ကလေးနှစ်ဦးကို ရိုက်နှက်ရာ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ၇ နှစ်အရွယ် ကလေး သေဆုံးပြီး ၃ နှစ်အရွယ် ကလေး ဒဏ်ရာများ ရရှိခဲ့ကြောင်း မိုင်းပန်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဦးတင်ဆိုင်က ပြောကြားသည်။
25-Sep-2017
ရှမ်းပြည်နယ် မိုင်းယောင်းမြို့နယ် ဝမ်ဝိန်းမိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၂၄ ရက် နံနက် ၃ နာရီခွဲခန့်က ဆိုင်ကယ်စီးနင်းလာသည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း မိုင်းယောင်းမြို့မရဲစခန်းထံမှ သိရသည်။
25-Sep-2017
ရှမ်းပြည်နယ်ရှိ မြို့နယ် ၅၀၏ အထင်ကရ နေရာများတွင် ဆေးလိပ်ငွေ့ ကင်းစင်နယ်မြေများအဖြစ် သတ်မှတ်မည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ ဒဏ်ငွေများ ပေးဆောင်ရမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြားသည်။
25-Sep-2017
တောင်ငူမြို့နယ်တွင် ရပ်ကွက် ကျေးရွာပေါင်း ၆၄ ခုမှ အိမ်သုံးလျှပ်စစ် မီတာလျှောက်ထားသူ ၄၀ဝ နီးပါးရှိသော်လည်း သုံးလနီးပါး ကြာသည်အထိ မီတာ မတပ်ဆင်ပေးနိုင်သေးကြောင်း အဆိုပါ မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းထံမှ စုံစမ်းသိရသည်။
25-Sep-2017
တိုက်ကြီးမြို့နယ် မင်္ဂလာရပ်ကွက် အမေအိမ်ခြံ၌ စက်တင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် နိုင်ငံရေး အကျဉ်းသားများက အင်းစိန်ထောင်တွင်း သပိတ်တိုက်ပွဲ ၂၇ နှစ်ပြည့် စကားဝိုင်း ကျင်းပခဲ့ကြောင်း စီစဉ်သူ ဦးသက်ဦးက ပြောကြားသည်။
25-Sep-2017
နာမည်ကျော်ရွှေဘို သနပ်ခါး ဈေးကွက်အတွင်း ယခုလ၌ သနပ်ခါးရောင်းအားသည် ပြန်လည် မြင့်တက်လာပြီး အရောင်းအဝယ် သွက်နေကြောင်း ရွှေဘိုမြို့၊ ရွှေတန်ဆာ သနပ်ခါးဈေးတန်းရှိ အရောင်းဆိုင်များထံမှ စုံစမ်းသိရှိရသည်။
24-Sep-2017
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ကာကွယ် တားဆီးနှိမ်နင်းခြင်းအပြင် ဒေသတွင်း တရားဥပဒေ စိုးမိုးရေးအတွက် အိမ်တိုင်ရာရောက် အသိပညာပေးမှု (Home Visit) များ စတင် လုပ် ဆောင်နေပြီဖြစ်ကြောင်း သပိတ်ကျင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းကျော်ဌေးက ပြောကြားသည်။
24-Sep-2017
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်၊ ဂွေးတောက်ချောင်း ကျေးရွာတွင် စက်တင်ဘာလ ၂၂ ရက်နေ့က မြစ်ကမ်းပါးများ ပြိုကျခြင်းကြောင့် လူနေအိမ် ၇ လုံး အရေးပေါ် ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။