News

16-Jan-2019
မွန်ပြည်နယ် ရေးမြို့နယ် ကုလားကုတ်ကျွန်းရှိ ကုလားကုတ်ကျွန်းရွာ (အောက်ဆိပ်)တွင် လေပြင်းတိုက်သည့် ဒဏ်ကြောင့် အ.ထ.က (ကုလားကုတ်)မှ စာသင်ကျောင်းဆောင်များ အမိုးလန်ပျက်စီးသွားသည့်အတွက် ကျောင်းဆောင်ပြုပြင်နေစဉ် စာသင်ချိန်ကို ၂ ချိန်ခွဲ၍ သင်ကြားပေးလျက်ရှိကြောင်း မွန်ပြည်နယ် ပြည်နယ်ပညာရေး ဦးစီးဌာနထံမှ သိရသည်။
15-Jan-2019
မကွေးတိုင်း ချောက်မြို့နယ် လင်းတကိုင်းကျေးရွာတွင် ဇန်နဝါရီလ ၁၄ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်က ယင်းကျေးရွာအုပ်ချုပ်ရေးမှူးသည် တီဗွီကြည့်နေစဉ် ဓားထိုးခံရ၍ သေဆုံးခဲ့ကြောင်း ယင်းမြို့ရဲစခန်းထံမှ သိရသည်။
15-Jan-2019
ကရင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ခြောက်နှစ်အတွင်း အများဆုံးအဖြစ် ဝင်ရောက်ခဲ့ကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။
15-Jan-2019
နိုင်ငံတော်အစိုးရအဖွဲ့အနေဖြင့် တိုင်းနှင့်ပြည်နယ်မခွဲခြားဘဲ တိုင်းရင်းသားများ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများကို အပြည့်အဝ ရရှိစေရေးအတွက် ဦးစားပေးဆောင်ရွက်နေကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။
15-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းနောရွာတွင် ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခွဲခန့်က မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသည့် ဇနီးမောင်နှံ နှစ်ဦးကို မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဇင်မင်းလတ်က ပြောကြားသည်။
15-Jan-2019
မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(UNDP)တို့ပူးပေါင်း၍ ပဲခူးမြို့နယ် မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၁၇ ရက်နေ့၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပမည်
14-Jan-2019
မူးယစ်ဆေးစွဲနေသူများအတွက် ကုသရေးနှင့် ပြန်လည်ထူထောင်ရေး စခန်းကို မွန်ပြည်နယ် ရေးမြို့နယ်နှင့် ၈ မိုင်ခန့်အကွာတွင် တည်ရှိသည့် မွန်ပြည်သစ် ပါတီထားဝယ်ခရိုင်ရုံးစိုက်ရာ ဝါဇင်ကျေးရွာအနီးတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီထံမှ သိရသည်။
14-Jan-2019
ဘားအံမြို့နယ် သံလွင်မြစ် အနောက်ဘက်ကမ်း မြိုင်ကလေးလမ်းဆုံရှိ တံတားအမှတ် - ၉၂/၂၃ တွင် ဇန်နဝါရီ ၁၃ ရက် နံနက် ၄ နာရီခွဲခန့်က လမ်းလျှောက်နေသူနှစ်ဦးကို ကားဝင်တိုက်သဖြင့် နှစ်ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ဘားအံမြို့မရဲစခန်းထံမှ သိရသည်။
14-Jan-2019
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်၊ ဝန်ကြီးများ အိမ်ရာအနီး၌ ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ရန်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သည့် အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦး ဇန်နဝါရီလ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက ဆေးရုံ၌သေဆုံးခဲ့ကြောင်း မုံရွာမြို့မစခန်းထံမှ စုံစမ်းသိရှိရသည်။
14-Jan-2019
ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲတော်ကာလအတွင်း ကောက်ခံမည့်တည်းခိုဆောင်များ၏ နှုန်းထားများကို ယင်းဘုရားဂေါပကအဖွဲ့က တရားဝင် ထုတ်ပြန်လိုက်သည်။
14-Jan-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ် မိုင်းယောင်း-မိုင်းဖြတ်ကားလမ်း စက်မှုလယ်ယာရုံးဝန်းအရှေ့ဘက် လယ်ကွင်းအနီးတွင် ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မူးယစ်ဆေးဝါးရောင်းချသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်မြင့်ထွန်းက ပြောကြားသည်။
14-Jan-2019
ပဲခူးတိုင်း ဝေါမြို့နယ် ဝေါချောင်းကူးတံတားအနီးတွင် ယာဉ်မတော်တဆမှုတစ်ခုကြောင့် ပျက်ဆီးသွားသည့် ဓာတ်တိုင်ကို ပြုပြင်သော လျှပ်စစ်ဝန်ထမ်းတစ်ဦး ဇန်နဝါရီလ ၁၄ ရက် နံနက် ၁ နာရီခန့်က ဓာတ်တိုင်ကြိုးကျရာမှ သေဆုံးခဲ့ကြောင်း ဖိုးပုံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
14-Jan-2019
မကွေးတိုင်း ဆောမြို့နယ် သီကုန်းကျေးရွာတောင်ဘက် ကားလမ်းမတွင် လမ်းဘေးရပ်ထားသည့် ၁၂ ဘီးယာဉ်ပေါ်မှ ပိတောက်သစ် ၁၀ တန်ကျော်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ ညပိုင်းက ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ကြောင်း ယင်းမြို့ တိုင်းဒေသကြီး ၂ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်က ဆိုသည်။
12-Jan-2019
ပတ္တမြားမြေဟု လူသိများသည့် မိုးကုတ်မြို့သို့ ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့မှ ဒီဇင်ဘာလကုန်အထိ ကမ္ဘာလှည့်ခရီးသည် ၄၉၀ ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထံမှ သိရသည်။
10-Jan-2019
ဘားအံမြို့နယ်၊ အမှတ် (၄) ရပ်ကွက်၊ အင်ကုန်းလမ်းရှိ မြို့နယ်သစ်တောဦးစီးဌာန(ဘားအံ) ရုံးဝင်းအတွင်း ပိုင်ရှင်မဲ့ လက်ပစ်ဗုံးသီးဟောင်းနှစ်လုံးကို ဇန်နဝါရီလ ၈ ရက်နေ့ ညနေ ၅ နာရီခန့်က တွေ့ရှိခဲ့ရကြောင်း ဘားအံမြို့မရဲစခန်း(နယ်ထိန်းတပ်ဖွဲ့) ထံမှ စုံစမ်းသိရှိရသည်။