News

POST TYPE

REGIONAL

နို့မပြတ်သေးသည့် နှစ်လခွဲအရွယ် တောဆင်ရိုင်းပေါက်စကို ကယ်တင်
06-Jul-2019

ပုသိမ်၊ ဇူလိုင် ၆

ချောင်းသာကမ်းခြေဒေသ ဥတိုကျေးရွာ (ဒေသအခေါ်-လင်းကွင်း) ဦးရှိန်တဲကုန်းတောင်အောက်မှ နို့မပြတ်သေးသည့် နှစ်လခွဲအရွယ် ဒဏ်ရာရထားသော တောဆင်ရိုင်းပေါက်စတစ်ကောင်ကို ဇူလိုင် ၄ ရက်က ကယ်တင်ရရှိထားကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ဆင်ပေါက်စတစ်ကောင် လှည့်လည်သွားနေကြောင်း သတင်းအရ ဖမ်းဆီးကယ်တင်ထားခြင်းဖြစ်ပြီး ဘယ်ဘက်လက်တွင် အနည်းငယ်ဒဏ်ရာရထား၍ ဆေးကုသပေးထားကြောင်း မြန်မာ့သစ်လုပ်ငန်းဆင်ကိစ္စ အရေးပေါ် ဆောင်ရွက်ရေးအဖွဲ့ခေါင်းဆောင် ဆင်ဆရာဝန်က ပြောကြားသည်။

“နို့မပြတ်သေးတော့ နို့မှုန့်တိုက်ပေးပါတယ်။ အစာအာဟာရအတွက် လိုအပ်မှာပါ။ ဆင်လေးအတွက် နို့မှုန့်အတွက် လှူဒါန်းနိုင်ပါတယ်”ဟု ၎င်းက ပြောကြားသည်။

ဆင်ပေါက်စသည် အလျား ၃၄လက်မ၊ အမြင့် ၃၇ လက်မ၊ အမြီး ၂၂ လက်မ၊ ရှေ့ခွာ ၅ လက်မ၊ နောက်ခွာ ၄ လက်မ၊ လုံးပတ် ၅၃ လက်မ၊ နားရွတ်လတ်၊ မျက်လုံးဘုတ်ပါရှိသည့် ယင်းတောဆင်းရိုင်အမကို ချောင်းသာသစ်တောစခန်းတွင် လတ်တလော ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

R-12