News

POST TYPE

REGIONAL

မိခင်က နောက်အမျိုးသားတစ်ဦးနှင့်လိုက်ပြေးသဖြင့် သားဖြစ်သူက ဓားဖြင့်လိုက်ထိုး
06-Jul-2019

ချောက်၊ ဇူလိုင် ၆

ချောက်မြို့နယ်၊ မိုလာရွာလမ်းဆုံတွင် ဇူလိုင် ၆ ရက်၊ မွန်းလွဲ ၁ နာရီခန့်က မိခင်ဖြစ်သူက နောက်အိမ်ထောင်ပြုရန် အမျိုးသားတစ်ဦးနှင့်လိုက်ပြေးသဖြင့် သားဖြစ်သူက ဓားဖြင့်လိုက်ထိုးရာ မိခင်ကိုခိုးပြေးသူအမျိုးသား ဓားထိုးခံရပြီးသေဆုံးခဲ့ကြောင်း ယင်းမြို့မရဲစခန်းထံမှ သိရှိရသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာကျေးရွာနေ ဒေါ်သိန်းနွဲ့သည် ပထမအိမ်ထောင်ဖြင့် တရားဝင် ကွာရှင်းပြီးနောက် တစ်ရွာတည်းနေ ကိုကျော်ကိုဌေးနှင့်ချစ်ကြိုက်ပြီး ခိုးပြေးကြရာ ယင်းလမ်းဆုံအရောက် လမ်းဘေးထိုင်နေစဉ် ဒေါ်သိန်းနွဲ့၏သား ကိုဌေးမြင့်အောင်က နောက်မှလိုက်လာပြီး ကိုကျော်ကိုဌေးကို ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်သည်။ 

ယင်းသို့ ဓားဖြင့်ထိုးသဖြင့် လည်ပင်းပြတ်ရှ၊ ဝမ်းဗိုက်ထိုးသွင်းဒဏ်ရာများဖြင့် ချောက်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် မွန်းလွဲ ၃ နာရီခန့်တွင် သေဆုံးခဲ့သည်။ အမှုနှင့်ပတ်သက်၍ ဌေးမြင့်အောင်ကို မိခင်က တရားလိုပြုလုပ်တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ယင်းရဲစခန်းထံမှ သိရှိရသည်။

R-24