News

POST TYPE

REGIONAL

သမ္မတ ဦးဝင်းမြင့် ပုသိမ်ဆေးရုံကို စစ်ဆေး
28-Oct-2018


ပုသိမ်၊ အောက်တိုဘာ ၂၈

ပုသိမ်မြို့သို့ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် ယနေ့ ( အောက်တိုဘာလ၂၈ ရက်) မွန်းလွဲပိုင်းက ပုသိမ်ဆေးရုံကြီးသို့ ရောက်ရှိ စစ်ဆေးခဲ့ပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် နံနက်ပိုင်းက ချောင်းသာကမ်းခြေရှိ ရွှေသောင်ယံတံတား (မကျီးချောင်း)ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီးနောက် ၎င်းနေထိုင်ခဲ့ရာ ပုသိမ်မြို့၊ ကုသိနာရုံလမ်းရှိ ရွှေတောင်ကျောင်းတိုက်၊ မင်္ဂလာစံကျောင်းတိုက်နှင့် ကုသိနာရုံဘုရားတို့ကိုလည်း သွားရောက်ခဲ့သည်။

ယင်းနောက် ပုသိမ်ဆေးရုံကြီးဝင်းအတွင်း တည်ဆောက်လျက်ရှိသော (ရပ်နားထားသည့်) ကိုးထပ်ဆေးရုံသစ်ကြီးသို့ ရောက်ရှိစစ်ဆေးခဲ့ပြီး ပုသိမ်ဆေးရုံကြီး၌ တက်ရောက်ကုသနေသော လူနာများကို ကြည့်ရှုအားပေးစကားပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

“ဒီအဆောင် (ထိခိုက်ဒဏ်ရာနှင့် အရိုးကုသဆောင်)မှာ ဆိုင်ကယ်တိုက်မှုတွေက များနေတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာကြဖို့လိုမယ်။ ဆိုင်ကယ်ပေါ် ရောက်သွားတာနဲ့ မောင်းချင်သလို မောင်းနေကြတာများတယ်။ ကိုယ်ကပဲမှားမှား သူများကပဲမှားမှား ထိခိုက်ဒဏ်ရာ ရနေကြတယ်၊ အဲဒီတော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို လိုက်နာကြပါ”ဟု နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောဆိုသည်။

ထို့ပြင်နယ်မြို့ဆေးရုံများမှ ပုသိမ်ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေသည့် လူနာများနှင့်ပတ်သက်၍လည်း နိုင်ငံတော်သမ္မတက အသေးအဖွဲ ထိခိုက်ဒဏ်ရာ ရရှိခြင်းများကို နယ်မြို့ဆေးရုံများတွင် ဂရုတစိုက် ကုပေးစေချင်ကြောင်း၊ ပုသိမ်ဆေးရုံသို့သာ လွှဲနေပါက အခက်အခဲများရှိနိုင်ဟုလည်း ပြောဆိုခဲ့သည်။

R-11