POST TYPE
REGIONAL
လက်ပံတန်းတွင် ရှေ့နေအိမ်ဖောက်ထွင်းခံရ
12-Sep-2018
လက်ပံတန်း၊ စက်တင်ဘာ ၁၁
ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် မင်းရပ်ရပ်ကွက်တွင်နေထိုင်သော တရားလွှတ်တော်ရှေ့နေအိမ် စက်တင်ဘာလ ၁၀ ရက်နေ့ညက ဖောက်တွင်းခံခဲ့ရကြောင်း လက်ပံတန်း မြို့မရဲစခန်းထံမှ သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးကျော်သန့် ဇင်တို့မိသားစု နေအိမ်အပေါ်ထပ်တွင် အိပ်ပျော်နေစဉ် ဖောက်ထွင်းခိုးယူခံရခြင်းဖြစ်ပြီး ဗီရိုထဲတွင် သိမ်းဆည်းထားသော ငွေသားကျပ်နှစ်သိန်းနှင့် ရွှေထည်ပစ္စည်း ၁၄ မျိုး စုစုပေါင်းတန်ဖိုး ၆၅ သိန်းကျော်ဖိုး ခိုးယူခံလိုက်ရကြောင်း ပဲခူးတိုင်းရဲတပ်ဖွဲ့ထံတင်ပြသည့် လက်ပံတန်းမြို့မရဲစခန်း၏ ကြေးနန်းစာအရလည်း သိရသည်။
လက်ရှိတွင် ဦးကျော်သန့်ဇင်က တရားလိုပြုလုပ်တိုင်ကြားထားသောကြောင့် လက်ပံတန်းမြို့မ ရဲစခန်းက (ပ) ၉၃၀/ ၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၀ ဖြင့် အမူဖွင့်ထားပြီး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း လက်ပံတန်းမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
R-19
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
22-Feb-2019
-
15-Feb-2019