News

POST TYPE

REGIONAL

ကလေးမြို့နယ်၌ တံတားနှစ်စင်း ရေမျော
20-Sep-2017

(စက်တင်ဘာလ ၂၀ ရက်နေ့ နံနက်က ချောင်းရေ တိုက်စားပျက်စီးခဲ့သည့် နတ်တံခါးချောင်းကူးတံတားကို တွေ့ရစဉ်။ ဓာတ်ပုံ - ဂျက်စီကာ)
ကလေး၊ စက်တင်ဘာ ၂၀

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း စက်တင်ဘာလ ၁၈ ရက်နေ့မှ စတင် ရွာသွန်းခဲ့သည့်မိုးကြောင့် တောင်ကျချောင်းရေ ကျဆင်းလာပြီး တံတားနှစ်စင်း ရေထဲမျောပါပျက်စီးကြောင်း ဒေသခံများထံမှ သိရသည်။

ကလေးမြို့ အနောက်မြောက်ဘက်ရှိ ကျေးရွာ ၂၀ ခန့်နှင့် ကလေးမြို့ကို ဆက်သွယ်ထားသည့်လမ်းပေါ်ရှိ အဓိက တံတားများဖြစ်သော အောင်မြင်သာ ကျေးရွာအနီးမှ ဆည်ကြီးချောင်းကူးတံတားနှင့် ညောင်ကုန်းကျေးရွာအနီးမှ နတ်တံခါးချောင်းကူးတံတားတို့သည် ယနေ့ (စက်တင်ဘာလ ၂၀ ရက်) နံနက်ပိုင်းတွင် ချောင်းရေနှင့် မျောပါပျက်စီးခဲ့ခြင်းဖြစ်သည်။

ယင်းတံတားနှစ်စင်းသည် ၂၀၁၅ ခုနှစ် ရေကြီးရေလျှံမှုအပြီး အသစ်ပြန်လည်တည်ဆောက်ခဲ့သည့် တံတားများဖြစ်ကာ အဆိုပါ တံတားများ ပျက်စီးခဲ့မှုကြောင့် ကျေးရွာ ၂၀ ခန့်နေ ရွာသူရွာသားများ ဆက်သွယ်သွားလာမှု ပြတ်တောက်သွားကြောင်း အောင်မြင်သာကျေးရွာတာဝန်ခံ ဦးအေးထွန်းက ပြောဆိုသည်။

R-20


  • VIA