News

POST TYPE

REGIONAL

မြစ်ကြီးနားတွင် တပ်မတော်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်း၍ လုံခြုံရေး တိုးမြှင့်
19-Sep-2017

မြစ်ကြီးနား၊ စက်တင်ဘာ ၁၉

မြစ်ကြီးနားမြို့တွင် အကြမ်းဖက် ဆူပူမှုများ ဖြစ်လာနိုင်မည့် သတင်းများကြောင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေးကို ယခင်ထက် ပိုမိုတိုးမြှင့်ဆောင်ရွက်နေကြောင်း မြစ်ကြီးနားခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

လက်ရှိ ရခိုင်ပြည်နယ် မောင်တောဒေသ အကြမ်းဖက် တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံအတွင်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ အစရှိသည့်မြို့ကြီး အချို့တို့တွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည် သတင်းထုတ်ပြန်ပြီးနောက် ပြည်နယ် အစိုးရနှင့် မြန်မာနိုင်ငံ ရဲချုပ်က ညွန်ကြားလာသည့်အတွက် ယင်းသို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း မြစ်ကြီးနား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သိန်းနိုင်က The Voice သို့ပြောကြားသည်။

မြို့တွင်းရှိ ရပ်ကွက်များအတွင်း လှည့်ကင်း၊ ဝပ်ကင်းနှင့် အင်အားပြစိုးမိုးခြင်း ပုံစံဖြင့် ညစဉ် ဆောင်ရွက်လျက်ရှိပြီး ယခုကဲ့သို့ တပ်မတော်အရာရှိ (မပခ)က ဦးစီးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ လုံခြုံရေးတိုးမြှင့် လုပ်ဆောင်ခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အခု ဆောင်ရွက်နေတဲ့ လှည့်ကင်း၊ ပတ်ကင်းတွေကို ရက်အကန့်အသတ်မရှိဘဲ ဆောင်ရွက်သွားမယ်။ ရခိုင်အရေးနဲ့ပတ်သက်ပြီး တည်ငြိမ်အေးချမ်းမှု ရှိပြီဆိုတဲ့အချိန်အထိ ဆောင်ရွက်သွားမယ်”ဟု ၎င်းက ဆိုသည်။

ကချင်ပြည်နယ်အတွင်း လုံခြုံရေး အနေအထားကို အထူးသတိဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်း နယ်စပ်အဝင်ဂိတ်များကို ပိုမို စစ်ဆေးကြပ်မတ်ရန်လည်း ညွန်ကြားထားကြောင်း ကချင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

R-06 


  • VIA