News

POST TYPE

REGIONAL

မောတောင်နယ်စပ်ရှိ ပရိဘောဂဂိုဒေါင် မီးလောင်
19-Sep-2017

မောတောင်၊ စက်တင်ဘာ ၁၉

ထိုင်းမြန်မာ နယ်စပ်ဖြစ်သည့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်မြို့ မြို့မ (၁) ရပ်ကွက်ရှိ ပရိဘောဂ ပစ္စည်းများထားရာ ဂိုဒေါင်တွင် စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ရကြောင်း မောတောင် မီးသတ်စခန်း တာဝန်ခံ လက်ထောက် ဦးစီးမှူး ဦးစိုးမိုးအောင်ထံမှ သိရသည်။

ဂိုဒေါင်စောင့်သူ၏ ဆေးလိပ်မီး ပေါ့ဆမှုကြောင့် ဂရိဘောဂ အလုပ်ရုံအနီးရှိ  ရွေပေါ်စာ (သစ်သားအချောကိုင်ရာမှ ထွက်လာသည့် ပါးလွှာသစ်စများ)မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ရခြင်းဖြစ်ကြောင်း အထက်ပါ မီးသတ်စခန်းမှ သိရသည်။

မီးလောင်မှုကြောင့် ဂိုထောင်အတွင်း သိုလှောင်ထားသော အလျား ၅ ပေခွဲ အနံ ၁ ပေခွဲခန့်ရှိသည့် တန်းလျားခုံ အလုံး ၄၀၊ ဂိုထောင်အမိုး အုတ်ကြွပ် ၂၀ ဆုံးရှုံးခဲ့ကြောင်း မီးသတ်စခန်းမှ သိရသည်။

ယင်းမီးလောင်ကျွမ်းမှုကြောင့် ဂိုထောင်စောင့်အား မီးပေါ့ဆမှုဖြင့် အမှုဖွင့် အရေးယူထားကြောင်း မောတောင်ရဲစခန်းမှ သိရသည်။

Dawei Watch


  • VIA