News

POST TYPE

REGIONAL

မြေပြို၍ ကားလိမ်းပိတ်နေသည့် ချင်းပြည်နယ် ကားလမ်း ပြန်ဖွင့်
18-Sep-2017

ကလေး၊ စက်တင်ဘာ ၁၈

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့နှင့် ခိုင်ကမ်းမြို့အကြား ဆက်သွယ် သွားလာရသည့် ကားလမ်း ယနေ့(စက်တင်ဘာ ၁၈ ရက်) မွန်းလွဲ ၂ နာရီကျော်က လမ်းပြန်ပွင့်သွားပြီဖြစ်ကြောင်း ဖလမ်းခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးဇော်စိုးက ပြောကြားသည်။

ဖလမ်းနှင့် ခိုင်ကမ်းကြား သိုင်းငင်းကျေးရွာအနီး စက်တင်ဘာ ၁၇ ရက် ညပိုင်းမှစ၍ မြေပြိုမှုများကြောင့် လမ်းပိတ်ခဲ့ခြင်းဖြစ်ပြီး ဖလမ်းမြို့ဘက်မှ ပြန်လာသည့် ကုန်တင်ကားတစ်စီး မြေပြိုသည့်နေရာတွင် ပိတ်မိနေရင်း လမ်းယာဘက် ချောက်ထဲသို့ လျှောကျမည့် အခြေအနေမှလည်း ဆယ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အဆိုပါ ကားလမ်းသည် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ ခိုင်ကမ်း၊ ဖလမ်း၊ ဟားခါး ဆက်သွယ်သွားလာရသည့် လမ်းတစ်ခုဖြစ်ပြီး ခိုင်ကမ်းမြို့မှ တီးတိန်၊ ရိဒ်ခေါဒါရ်မြို့သို့ မြန်မာ-အိန္ဒိယ ကုန်စည်စီးဆင်းရေး အရေးပါသည့် လမ်းကြောင်းဖြစ်သည်။

ဗားလုံနှင့် လုံဘန်းကြား မိုင်တိုင် ၄၅နှင့် ၄၆ ကြား မြေပြိုမှုဖြစ်သည့် ကလေး-ဖလမ်း ကားလမ်းနေရာကိုလည်း ပြုပြင်ပြီးစီးပြီဖြစ်၍ ကားများ ပုံမှန်အတိုင်း သွားလာနိုင်ပြီဖြစ်ကြောင်း ယင်းခရိုင် အုပ်ချုပ်ရေးရုံးထံမှ သိရှိရသည်။

R-02


  • VIA