News

18-Nov-2018
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အိမ်ခြေနှစ်ထောင်ခန့်ရှိသော လမူးမော်ကျေးရွာတွင် နိုဝင်ဘာလ ၁၇ ရက် ညနေ ၈ နာရီအချိန်က နယ်မြေရဲစခန်းကို ရွာသားများက ခဲများဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း အဆိုပါစခန်းမှ သိရသည်။
18-Nov-2018
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး- မူဆယ်ပြည်ထောင်စုလမ်းပေါ်ရှိ နမ့်ခိုင်တံတားတွင် ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက်က လုံခြုံရေးဆောင်ရွက်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
18-Nov-2018
နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ အစိုးရတက္ကသိုလ်အားလုံးနှင့် ပြင်ပပုဂ္ဂလိကတက္ကသိုလ်များမှ ကျောင်းသူ၊ ကျောင်းသားအားလုံးပါဝင်နိုင်သည့် နည်းပညာပြိုင်ပွဲ University Robotic Competition in Myanmar ပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းချုပ်ထံမှ သိရသည်။
18-Nov-2018
ဘားအံမြို့နယ် မြိုင်ကလေးကျေးရွာ အုပ်စု လှာကာကျေးရွာအုပ်စုအတွင်းရှိ ဘိလပ်မြေစက်ရုံ (၂) ရုံတွင် ကျောက်မီးသွေးလောင်စာသုံးစွမ်းအင်ဖြင့် လည်ပတ်ထုတ်လုပ်ရန် ပြင်ဆင်ဆောင်ရွက်မှုများကို လက်မခံဘဲ ကန့်ကွက်မည်ဖြစ်ကြောင်း ယင်းဒေသခံများက ဆိုသည်။
18-Nov-2018
ပွဲတော်ကျင်းပဆဲကာလအတွင်း ရှမ်းပြည်နယ်၏ မြို့တော် တောင်ကြီးမြို့ မြို့မဈေးကြီးရှေ့တွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက ဗုံးတစ်လုံးတွေ့ရှိခဲ့ပြီးနောက် တန်ဆောင်တိုင် မီးပုံးပျံပွဲတော်၌ လုံခြုံရေးတိုးမြှင့်ချထားကြောင်း ယင်းပွဲတော်ကျင်းပရေး ကော်မတီဝင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ပြောကြားသည်။
18-Nov-2018
ထားဝယ်ဆေးရုံကြီးဝင်းအတွင်း နေအိမ်မှ လမ်းလျှောက်လာသည့် နဝမတန်းကျောင်းသားတစ်ဦးကို နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခွဲခန့်တွင် ရဲတပ်ဖွဲ့ဝင်များက မသင်္ကာမှုဖြင့် ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ရိုက်နှက်ခံရသည့်ကျောင်းသား၏ ဖခင်က ပြောကြားသည်။
18-Nov-2018
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဒုက္ခသည်များ ပြန်လည်ခေါ်ယူရေးလုပ်ငန်းစဉ်ကို ဒီဇင်ဘာလကုန်အထိ ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
17-Nov-2018
စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး(ဟောင်း)နေအိမ်၊ ပြည်နယ်တရားလွှတ်တော်ရုံးရှေ့နှင့် ပြည်နယ်မြေစာရင်းဦးစီးဌာနရုံးရှေ့တို့၌ ယခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က ချိန်ကိုက်မိုင်းသုံးလုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံထားရသူ နှစ်ဦးအနက် တစ်ဦးကိုထောင် နှစ် ၃၀ ချမှတ်လိုက်ပြီး ကျန်တစ်ဦးကို တရားရုံးက အပြီးပြတ်လွှတ်ပေးလိုက်သည်။
16-Nov-2018
ရေကြောင်းရဲတပ်ဖွဲ့ (မန္တလေး) မှ အမှုဖွင့်၍ ဖမ်းဆီးခံထားရသော တောင်သူမိသားစု ၆ ဦး ကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်သူအဖွဲ့အစည်းများက နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဆန္ဒပြတောင်းဆိုခဲ့သည်။
16-Nov-2018
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် MCL ကုမ္ပဏီက တည်ဆောက်လည်ပတ်နေသည့် ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံကြောင့် အတ္ထရံမြစ် ကြောင်းတစ်လျှောက်နှင့် ပျားတောင်ဒေသရှိ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတများပျက်စီးနေသည့် အခြေအနေနှင့်ပတ်သက်သည့် အစီရင်ခံစာကို နိုဝင်ဘာလ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့ရှိ ရာမညဟိုတယ်တွင် မိတ်ဆက်ပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ထိုအစီရင်ခံစာကို မိတ်ဆက်ထုတ် ပြန်ရခြင်းမှာ အဆိုပါဒေသရှိ ဒေသခံများအနေနှင့် ၎င်းတို့၏ဒေသ မည်မျှတန်ဖိုး ရှိကြောင်း၊ ၎င်းတို့၏ တစ်နှစ်ဝင်ငွေမည်မျှ ရှိမည်၊ စက်ရုံမှ တစ်နှစ်ဝင်ငွေ၏ ၂ ရာခိုင် နှုန်း ထောက်ပံ့ခြင်းသည် ပျက်စီးမှုနှင့် မမျှတမှုဖြစ်နေခြင်း၊ ဒေသခံအနေနှင့် ၎င်းတို့ဒေသတွင် မည်သည့်သယံဇာတ များရှိသည်ကို သိရှိသွားမည်ဖြစ်ကြောင်း အချက်အလက်စုဆောင်းရေးတာဝန်ခံ နိုင်ပျူဟာမွန်က ပြောကြားသည်။
16-Nov-2018
ပဲခူးတိုင်း ပဲခူးမြို့နယ် မြောက်ဘက်ရှိ ကလိကျေးရွာအနီးတွင် ကျပ် ၁၄ ဘီလီယံအကုန်ကျခံ၍ နိုင်ငံတကာ အဆင့်မီ လက်ကားဈေးသစ်ကြီးတစ်ခု တည်ဆောက်မည်ဖြစ်ကြောင်း ယင်းတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
16-Nov-2018
မကွေးမြို့နယ် ထုံးပေါက်တော ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို မခန့်ဘဲ အခြားတစ်ယောက်ကို ခန့်အပ်ခဲ့သည့်အတွက် ၎င်းကို ပြန်ခန့်ပေးရန် တောင်းဆိုကြောင်း ယင်းဒေသခံများက ဆိုသည်။
16-Nov-2018
ဧရာဝတီတိုင်းအတွင်းရှိ ယခုနှစ်အတွင်း အကြမ်းဖက်အဓမ္မပြုကျင့်ခံရသူ အမျိုးသမီး ၅၀ ဦးကျော်ကို ကျပ်သိန်း ၁၉၀ နီးပါး အစိုးရမှ ထောက်ပံ့ပေးထားကြောင်း ယင်းတိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက ပြောကြားသည်။
16-Nov-2018
ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးစိန်ဝင်းက ပြောကြားသည်။
15-Nov-2018
ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လုံခြုံရေးအတွက် ရဲတပ်ဖွဲ့အင်အား တစ်ရာကျော် အသုံးပြုမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။