News

POST TYPE

POPULAR POST

သမ္မတ ဦးထင်ကျော်နှင့် ဝန်ကြီးသုံးဦး ဧပြီ ၆ ရက်တွင် တရုတ်သွားမည်
04-Apr-2017
ရန်ကုန်၊ ဧပြီ ၃

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ပြည်ထောင်စုဝန်ကြီးသုံးဦး လာမည့် ဧပြီလ ၆ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်မည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

တရုတ်နိုင်ငံခရီးစဉ်သို့ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် အပါအဝင် ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဧပြီလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ထိ ငါးရက်ကြာ သွားရောက်မည် ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။

“ဆောက်လုပ်ရေးဝန်ကြီးကတော့ အခြေခံအဆောက်အဦပိုင်းပေါ့။ စီးပွား/ကူးသန်းကတော့ ကုန်သွယ်ရေးကိစ္စပေါ့။ အတိုင်ပင်ခံရုံးကတော့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးကြမှာပါ” ဟု ဦးဇော်ဌေးက ပြော သည်။

သမ္မတ ဦးထင်ကျော် နိုင်ငံတော် သမ္မတတာဝန် လက်ခံရယူပြီးနောက် လာအို၊ ရုရှား၊ မွန်ဂိုလီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့သို့ ချစ်ကြည်ရေးခရီး သွားရောက်ခဲ့ပြီး ဖြစ်သည်။

J-09