News

POST TYPE

POPULAR POST

ကြားဖြတ်ရွေးကောက်ပွဲ ကျပ် ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ဟု ကော်မရှင် ထုတ်ပြန်
04-Apr-2017
ရန်ကုန်၊ ဧပြီ ၃ 

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကျပ်ငွေ ၁ ဒသမ ၆ ဘီလီယံ သုံးစွဲခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ လွှတ်တော်ကိုယ်စားလှယ်နေရာ ၁၉ နေရာအတွက် မြို့နယ် ၂၂ မြို့နယ်၌ ရွေးကောက်ပွဲ ကျင်းပခဲ့သည်။ 

ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံရေးပါတီများ၏ စည်းရုံးလှုံဆော်မှု အားနည်းခြင်းကြောင့် လူထုစိတ်ဝင်စားမှု အလွန်နည်းပါကြောင်း ဦးတင်ထွန်းက ဆိုသည်။

ကြားဖြတ်ရွေးကောက်ပွဲ၌ လစ်လပ်မဲဆန္ဒနယ် ၁၉ ခုတွင် နိုင်ငံရေးပါတီ ၂၄ ပါတီနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၉၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂ နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီက ၁ နေရာ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာနှင့် ရခိုင်အမျိုးသားပါတီက ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့သည်။

J-09