News

POST TYPE

POPULAR POST

ကျိုင်းတုံတွင် ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူမည်
12-Mar-2017
ကျိုင်းတုံ၊ မတ် ၁၂

တိုင်းရင်းသား မျိုးနွယ်စုပေါင်း များစွာနေထိုင်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ စည်ပင်သာယာခန်းမရှေ့ မြေကွက်လပ်တွင် ဒေသခံ တိုင်းရင်းသားများ သဘောဆန္ဒရှိပါက ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူပေးမည်ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားသည်။

ကျိုင်းတုံမြို့ စည်ပင်သာယာ ခန်းမဆောင်တွင် မတ်လ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက စည်ပင်သာယာရေး ကော်မတီနှင့် မြို့မိမြို့ဖများ၊ နိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် တွေ့ဆုံရာတွင် မြို့မိ၊မြို့ဖများက ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူပေးရန် တင်ပြတောင်းဆိုမှုနှင့် ပတ်သက်၍ ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ဗိုလ်ချုပ်ကြေးရုပ်တု စိုက်ထူဖို့က တွေ့ဆုံပွဲမှာ မြို့မိမြို့ဖတစ်ဦးက အကြံပြု တင်ပြခဲ့တာပဲ ရှိသေးပြီး အသေးစိတ် ဘယ်လိုလုပ်မယ်ဆိုတာ မဆွေးနွေးဖြစ်ကြဘူး။ ဒေသခံ တိုင်းရင်းသားတွေရဲ့ သဘောထားယူပြီး ဆန္ဒရှိရင်တော့ ကော်မတီဖွဲ့ပြီး လုပ်နိုင်ရင်တော့ ကောင်းတာပေါ့”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိရန်အတွက် တိုင်းတစ်ပါးသား နယ်ချဲ့များကို တိုက်ထုတ်ကာ အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းသည် အနာဂတ် လူငယ်များ အတုယူဖွယ် ခေါင်းဆောင်ကောင်း တစ်ဦးဖြစ်၍ ယင်း၏ကြေးရုပ်တုကို မြို့မိမြို့ဖများ အဆိုပြုသည့်နေရာတွင် စိုက်ထူပေးနိုင်ပါက ကောင်းမွန်ကြောင်း ကျိုင်းတုံမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးအောင်ထန်းက သုံးသပ် ပြောဆိုသည်။

R-16


  • VIA