POST TYPE
POPULAR POST
ပင်းတယမြို့ ရဲစခန်းလိုင်းခန်းတွင် မီးလောင်
01-Mar-2021

ပင်းတယ၊ မတ် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် ဖေဖော်ဝါရီ ၂၈ ရက် ညပိုင်းက ရဲစခန်းဟောင်းရှိ လိုင်းခန်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။
မီးလောင်မှုဖြစ်ပွားခဲ့သော ရဲစခန်းဟောင်းမှာ ပင်းတယမြို့နယ်၊ ဆူးဗိုလ်ကုန်းရပ်ကွက်တွင်ရှိပြီး အဆိုပါ လိုင်းခန်းတွင် ရဲတပ်ဖွဲ့ဝင် မိသားစုများက နေထိုင်ကြသည်။
အဆိုပါ လိုင်းခန်းရှိ သုံးခန်းတွဲ သစ်သားဆောင် လိုင်းခန်းတွင် လျှပ်စစ်မီး ဝါယာရှော့ခ် ဖြစ်မူကြောင့်မီးလောင်ကျွမ်းခဲ့ကြောင်း ကနဦး စစ်ဆေးချက်အရ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း လူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှု မရှိကြောင်းနှင့်
အဆိုပါ မီးလောင်မှုကို စုံစမ်းစစ်ဆေး အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ယင်းမီးလောင်မှုကို ဒေသနေပြည်သူများက ဝိုင်းဝမ်း ငြီမ်းသတ်ပေးခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
S-03
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021