News

POST TYPE

POPULAR POST

ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့် အလုပ်အကိုင်အမျိုးအစား စာရင်းများထုတ်ပြန်
25-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၂၅ 

COVID-19 ကာကွယ်ဆေးထိုးရန်အတွက် အလုပ်အကိုင်အမျိုးအစားစာရင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်လိုက်ရာ အမျိုးအစား ၂၀ ပါဝင်လာသည်။ 

အဆိုပါ စာရင်းတွင် ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ပုဂ္ဂလိက ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ကုန်လမ်း၊ ရေလမ်း၊ လေကြောင်းအသုံးပြု နိုင်ငံတကာပြည်တွင်း ဝင်ပေါက်ထွက်ပေါက်များတွင် အဓိကတာဝန်ယူထားသော လုပ်ငန်းများ၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ ဆက်သွယ်ရေးသတင်းအချက်အလက်နှင့်နည်းပညာလုပ်ငန်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှုလုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပါဝင်သည်။ 

ကျန်ရှိသည့်လုပ်ငန်းများမှာ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ ပို့ကုန်သွင်းကုန်၊ ကုန်ပစ္စည်းသိုလှောင်ရေးလုပ်ငန်းများ၊ ကုလသမဂ္ဂဝန်ထမ်းများ(ပြည်တွင်း/ပြည်ပ)၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှဝန်ထမ်းများ(ပြည်တွင်း/ပြည်ပ)၊ အခြားဝင်ငွေရှိသောလုပ်ငန်းလုပ်ကိုင်သူများ၊ ဘာသာရေးကျောင်းများနှင့်အဖွဲ့အစည်းများ၊ ရွှေ့ပြောင်းအလုပ်အုပ်စုများနှင့်ယာယီစခန်းများ၊ အကျဉ်းထောင်များ၊ မှီခို တို့ဖြစ်သည်။ 

ယင်းကဲ့သို့လုပ်ငန်းများအား ကာကွယ်ဆေးထိုးရန် စာရင်းကောက်ယူရန်စီစဉ်နေသလို၊ ရပ်ကွက်ကျေးရွာများအတွင်းတွင်လည်း ကာကွယ်ဆေးထိုးရန်အတွက် အသက် ၁၈ နှစ် အထက်လူဦးရေစာရင်းများကို ကောက်ခံနေပြီး သတ်မှတ်ထားသော ဦးစားပေးထိုးနှံရမည့်သူများပြီးပါက ကာကွယ်ဆေးရရှိမှုအပေါ်မူတည်၍ အဆင့်လိုက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားသည်။

ယခုအခါ ဇန်နဝါရီ ၂၇ တွင် အိန္ဒိယမှရောက်ရှိလာသော ကာကွယ်ဆေးတစ်သန်းခွဲ၊ လူဦးရေခုသိန်းစာအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံတော့မည်ဖြစ်သည်။ 

S-09