News

POST TYPE

POPULAR POST

ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင် ခင်ဦးမြို့နယ်မဲဆန္ဒနယ်မှ ရွေးကောက်ပွဲဝင်ပြိုင်မည်
09-Aug-2020


တောင်ငူ၊ သြဂုတ် ၈

ရိုက်တာသတင်းထောက် ဝလုံးနှင့် ကိုကျော်စိုးဦးတို့၏ ရခိုင်အရေးနှင့်ပတ် သက်၍ ထောင်ဒဏ်တစ်နှစ် ကျခံခဲ့ရသည့် ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်သည် ခင်ဦးမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မှနေ၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

“ဒီနေ့(သြဂုတ်၇)ကပဲ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အမှတ် ၂ မဲဆန္ဒ နယ်အတွက် လျှောက်လွှာတင်ခဲ့တာ။ အဓိက တော့ ပြည်သူတွေကို ကူညီပေးချင်လို့ပါ” ဟု ဒုရဲမှူးဟောင်း ဦးမိုးရန်နိုင်က ပြောကြားသည်။

စစ်တိုင်းတိုင်း ခင်ဦးမြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မှတိုင်းဒေသကြီး လွှတ် တော်ကိုယ်စားလှယ်နေရာအတွက် တစ်သီးပုဂ္ဂလအနေနှင့်ယှဉ်ပြိုင်ရန် သြဂုတ်လ ၇ ရက်နေ့နံနက်က ရွေးကောက်ပွဲကော် မရှင်ထံတွင် လျှောက်လွှာတင်ခဲ့ခြင်းဖြစ် သည်။

ဦးမိုးရန်နိုင်သည် ဒုတိယရဲမှူး အဆင့်ဖြင့် တာဝန်ထမ်းဆောင်နေစဉ် ရိုက်တာသတင်းထောက်နှစ်ဦးအမှုကို ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးချုပ်က ထောက်ချောက်ဆင်ဖမ်းဆီးခိုင်းခဲ့သည် ဟု တရားရုံးတွင် ထွက်ဆိုခဲ့သဖြင့် ရာထူးမှ ရပ်နားခံခဲ့ရသည့်အပြင် ထောင်ဒဏ် တစ်နှစ်လည်း ချမှတ်ခံခဲ့ရသည်။ 

ထောင်မှလွတ်မြောက်လာခဲ့ပြီးနောက် မွေးရပ်ဇာတိဖြစ်သည့် ခင်ဦးမြို့တွင် ပြန်လည်အခြေချနေထိုင်ခဲ့ပြီး ပြီးခဲ့သည့်တစ်လကျော်က NLD ပါတီမှ အရွေးခံရန် လျှောက်လွှာတင်ခဲ့သေးသော်လည်း ရွေးချယ်ခြင်း မခံခဲ့ရပေ။ 

“ဒေသခံမိတ်ဆွေတွေနဲ့ NLD က သူငယ်ချင်းတွေက ကျွန်တော့်ကို ကိုယ် စားလှယ်အနေနဲ့ အရွေးခံခိုင်းတာတောင် မလုပ်နိုင်သေးဘူးလို့ ငြင်းခဲ့ရတယ်။ စိတ် ဓာတ်ပိုင်းမှာ မိုးရန်နိုင်က ကျွန်တော်တို့ ထက်မာတယ်။ အရည်အချင်းရှိတယ်။ လုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်ပေမယ့် အချိန်စောနေသေးသလားလို့ ယူဆမိတယ်” ဟု ဦးမိုးရန်နိုင်၏မိတ်ဆွေ ရဲအရာရှိ ဟောင်းတစ်ဦးက ပြောဆိုသည်။

ဦးမိုးရန်နိုင်သည် ယင်းကဲ့သို့ ပြည်သူလူထုကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်တွင်း မီဒီယာတစ်ခုဖြစ်သည့် 7 Day သတင်း ဌာနကချီးမြှင့်သည့် သူရဲကောင်းဆုနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများချီးမြှင့်သည့် ၂၀၁၉ ခုနှစ်အတွက် ပြည်သူ့ ဂုဏ်ရည်ဆုကိုလည်း ရရှိထားသည်။ 

R-02