News

POST TYPE

POPULAR POST

NLD ပါတီဝင်တစ်ဦးက USDP ပါတီကိုယ်စားပြုကာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ယှဉ်ပြိုင်ရန် လျှောက်ထားမှုကိုကန့်ကွက်
09-Aug-2020
ချောက်၊ သြဂုတ် ၈

ချောက်မြို့နယ် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်တစ်ဦးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (USDP) ကိုယ်စားပြုကာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ရန် ဆောင်ရွက်နေသည့် ကိစ္စနှင့်ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ကန့်ကွက်ထားသည် ဟု ချောက်မြို့နယ်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကျော်က ပြောဆိုသည်။

ဦးအောင်မြင့် (ဗိုလ်မှူးငြိမ်း) သည် ချောက်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တွင် ၂၀၁၄ ခုနှစ်၌ ပါတီဝင် ထားသူဖြစ်ပြီး လာမည့်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးချယ်ခံနိုင် ရန် ဇွန်လ ၇ ရက်နေ့က ချောက်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ၎င်းကိုယ်တိုင်လက်မှတ်ရေးထိုးကာ ကိုယ်စားလှယ်လောင်းအမည် အဆိုတင် သွင်းထားသူဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

“ဗဟိုက အတည်ပြုတဲ့အခါကျ တော့ သူ့အနေနဲ့ပါမလာဘူး။ ပါမလာတဲ့ အခါကျတော့ သူက တစ်ဖက်ပါတီကနေ ပြန်ဝင်မယ်လို့ကြားတယ်။ တစ်ဖက်ပါတီ ကနေဝင်မယ်ဆိုတော့ ဒါကတော့ မလုပ် သင့်ဘူးလို့ ကျွန်တော်ယူဆတယ်လေ။ တစ်သီးပုဂ္ဂလအနေနဲ့ဆိုရင် ကန့်ကွက်နေစရာ မရှိပါဘူး။ အခြားပါတီတစ်ခုခုကဝင် မယ်ဆိုရင်တော့ ကျွန်တော့်အနေနဲ့ ကန့် ကွက်ရမှာပါ” ဟု ဒေါက်တာမောင်မောင် ကျော်က ရှင်းပြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ (USDP) ကိုယ်စားလှယ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်မြင့် (ဗိုလ်မှူးငြိမ်း) သည် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုရန် ဇူလိုင်လ ၂၁ ရက် နေ့စွဲပါစာဖြင့် ၎င်းကိုယ်တိုင် လက်မှတ် ရေးထိုး တင်ပြထားသည့်အတွက် ချောက် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇူလိုင်လ ၂၇ ရက်နေ့တွင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (ဗဟို) သို့ ပေးပို့တင်ပြခဲ့ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) က ပါတီဝင်အဖြစ်မှနုတ်ထွက်ခွင့် မပြုသေးဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်ရွေးချယ်ခံရန် ဆောင်ရွက်နေသည့် အတွက် သြဂုတ်လ ၆ ရက်နေ့က မကွေး ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်ထားခြင်းဖြစ်သည်ဟု ဒေါက်တာ မောင်မောင်ကျော်က ဆက်လက်ပြောဆိုသည်။

“ယနေ့ (သြဂုတ် ၈) အထိ ဗဟို ကနေ နုတ်ထွက်ခွင့်ပြုပါတယ်လို့ ပြန်စာ မလာသေးတဲ့အတွက် ကျွန်တော့်အနေနဲ့ တာဝန်ရှိတဲ့အတွက် တာဝန်အရ သူ့ကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေး တော့ မဟုတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအနေနဲ့ ဆိုရင် ကျွန်တော်တို့အလုပ်အတူလုပ်ခဲ့ရတာဖြစ်တယ်။ ရင်းနှီးပါတယ်” ဟု ၎င်းက ထပ်မံပြောကြားသည်။

NLD ပါတီတွင် သူငယ်ချင်းများရှိနေ သောကြောင့် လိုက်ပါကူညီကာ လုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် NLD ပါတီဝင်အဖြစ် ဖောင် ဖြည့်သွင်းတင်ထားသော်လည်း NLD ပါတီမှ ပါတီဝင်အဖြစ် အကြောင်းပြန် ကြားမှုမရှိကြောင်း၊ ပါတီဝင်ကတ်၊ ပါတီ ဝင်နံပါတ်ရရှိခဲ့ခြင်း မရှိကြောင်း ဦးအောင်မြင့် (ခ) ကိုပါကြီး (ဗိုလ်မှူး-ငြိမ်း) က ပြောဆိုသည်။

“၂၀၁၄ ခုနှစ်ကပါတီဝင်ခဲ့ပေမယ့် ပါတီရဲ့အသိအမှတ်ပြု ပါတီဝင်ကတ်၊ ပါတီ ဝင်အမှတ်မရခဲ့ပါဘူး။ သူတို့ကလည်း အသိ အမှတ်မပြုကြပါဘူး။ မြို့နယ်ကလည်း အသိအမှတ်မပြုပါဘူး။ တစ်ယောက်မှ လည်း ပါတီနဲ့ပတ်သက်ပြီးမဖိတ်ပါဘူး။ သူတို့ကိုလည်း အပြစ်မတင်ပါဘူး။ ကိုယ်က တပ်မတော်သားဖြစ်တဲ့အတွက် မယုံ ကြလို့ပါ။ အဲတော့ ကိုယ့်ကိုယုံကြည်တဲ့ နေရာကိုပြောင်းရတာလေ။ သူတို့ကို ညီ အစ်ကိုလို သဘောထားပြီး ကူညီခဲ့တယ်။ ဒါတွေကို လျစ်လျူရူပြီး တစ်ယောက်မှကို အသိအမှတ်မပြုကြတော့. . .” ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သို့ ပြောင်းရွှေ့ခဲ့သူ ဦးအောင်မြင့် (ဗိုလ်မှူး-ငြိမ်း) က ရှင်းပြသည်။

NLD ပါတီကလက်မခံခြင်းနှင့် အသိအမှတ်မပြုခဲ့ခြင်းတို့ကြောင့် NLD ပါတီနှင့် ပြတ်ပြတ်သားသားဖြစ်စေရန် လွန်ခဲ့သောတစ်လခန့်ကပင် နုတ်ထွက်စာတင်ခဲ့သည်ဟုလည်း ၎င်းကဆက်လက်ပြောဆိုသည်။

ဦးအောင်မြင့် (ဗိုလ်မှူး-ငြိမ်း) သည် ၁၉၈၈ ခုနှစ် ဗိုလ်သင်တန်း အပတ်စဉ် ၇၇ မှ ဗိုလ်သင်တန်းဆင်းခဲ့သူ တစ်ဦးဖြစ်ကာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၂ တွင် ဒုဗိုလ်မှ ဗိုလ်ကြီးအဆင့် အထိ တာဝန်ထမ်းခဲ့ပြီး ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးအဆင့်အထိ တပ်မတော်ဗဟိုကင်းတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့နောက် ဗိုလ်မှူး ွ၂ ရာထူးဖြင့် တပ်မ ၃၃ ၊ ၂၀၀၂ ခုနှစ်တွင် ဘုတ်ပြင်း မြို့ရှိ ခလရ ၂၂၄ ၌ ဒုတိယတပ်ရင်းမှူး၊ ထိုမှ ၂၀၁၆ ခုနှစ်တွင် ရဲတပ်ရင်း၌ တပ်ရင်းမှူး၊ ထိုမှတစ်ဆင့် ထောင်အုပ်- ချုပ်ညွန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြိတ်မြို့တွင် ခရကဥက္ကဋ္ဌအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ကာ အငြိမ်းစားယူခဲ့သူတစ်ဦးလည်းဖြစ်သည်။

၎င်းသည် အငြိမ်းစားဘဝဖြင့် ၂၀၁၅ ခုနှစ်မှစတင်ကာ ချောက်မြို့နယ် စည်ပင်သာယာရေးကော်မတီတွင် မြို့မိမြို့ဖ ကိုယ်စားလှယ်အဖွဲ့ဝင်တစ်ဦးအနေနှင့်ပါဝင်ခဲ့ပြီး ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့ တွင် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်တာဝန်မှ နုတ်ထွက်ခဲ့သည်ဟု ဦးအောင်မြင့် (ဗိုလ်မှူး-ငြိမ်း) ထံမှ သိရသည်။

R-11