News

POST TYPE

POPULAR POST

NLD ကိုယ်စားလှယ်လောင်း၏ကိုယ်ရေးအချက်အလက် စသုံးလုံးကတောင်းခံဟုဆို
04-Aug-2020
ဖြူး၊ သြဂုတ် ၄

ဖြူးမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းထံသို့ ပြီးခဲ့သည့်ရက်ပိုင်းက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စသုံးလုံး)မှ ဆိုသူ အမျိုးသားတစ်ဦး လာရောက်တွေ့ဆုံခဲ့ပြီး ကိုယ်ရေးအချက်အလက်များတောင်းခံခဲ့သည်ဟု ကာယကံရှင်က ပြောကြားသည်။

“ကျွန်တော်က မေးတယ်။ လိုအပ်လို့တောင်းခံထားလို့ဆိုပြီးပြောတယ်။ လိုချင်ရင် ကော်မရှင်ရုံးမှာ တောင်းလို့ရတယ်။ သွားတောင်းပါဆိုတော့ သူတို့တာဝန်ကုန်ပြီဆိုပြီးပြောသွားတယ်”ဟုဖြူးမြို့နယ် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကျော်အေးဝင်းက ပြောဆိုသည်။

သြဂုတ်၂ ရက်နေ့ မွန်းလွဲပိုင်းက ဖြူးမြို့နေ ဦးကျော်အေးဝင်း၏အိမ်သို့ စသုံးလုံးမှဆိုသူ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ကိုယ်ရေးအချက်လက်များတောင်းခံခဲ့ခြင်းဖြစ်ကာ အခြားကိုယ်စားလှယ်များထံမှ တောင်းခံမှု ရှိ၊ မရှိ မသိရကြောင်း ၎င်းကထပ်မံပြောဆိုသည်။

ကိုယ်ရေးအချက်လက်များကို တာဝန်ရှိသူများကတောင်းခံသည်မှာ ပြဿနာမရှိသော်လည်း ယခုကဲ့သို့ တောင်းခံရယူသည်မှာ ပုံစံမကျသည့် အနေထားဖြစ်နေကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဝင်ချိန်နှင့် ယခု ကိုယ်စားလှယ်လောင်းအဖြစ် ထပ်မံရွေးချယ်ခံထားရချိန်အထိ လာရောက်တောင်းခံခြင်းမျိုး မကြုံဘူးကြောင်း တောင်ငူမြို့နယ် အမှတ်၂ မဲဆန္ဒနယ်မှ ပဲခူးတိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးမိုးမခက ပြောကြားသည်။

ယခုကဲ့သို့ ကိုယ်ရေးအချက်အလက်သွားရောက်တောင်ခံသူမှာ မိမိတို့ဌာနမှ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်မှာ မှန်ကြောင်း၊ မိမိတို့ဌာနအနေနှင့် ကိုယ်ရေးအချက်လက်တောင်းခံမှုများကို ကိုယ်တိုင်သွားရောက်တွေ့ဆုံတောင်းခံခြင်း၊ မျက်ကွယ်မှရယူခြင်းတို့ကို အဆင်ပြေသလိုသာ ပြုလုပ်နေရသည်ဟု တောင်ငူခရိုင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ အရာရှိတစ်ဦးက ပြောဆိုသည်။

ဖြူး-ကျောက်ကြီးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးဝင်းရွှေ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကျော်အေးဝင်း၊ မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးသက်စိန်နှင့် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးအောင်မျိုးတင့် (ခ) မျိုးတင့်တို့ ယှဉ်ပြိုင်မည်ဟု NLD ပါတီက ထုတ်ပြန်ထားသည်။

R-02