News

POST TYPE

POPULAR POST

ဖားကန့်တွင် မြေစာပုံပြိုကျ၊ သေဆုံးသူ ၅၀ ဦး၏ ရုပ်အလောင်းများကို ရှာတွေ့
02-Jul-2020

ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင် ၂

ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဝှေခါကျေးရွာအနီး စုပေါင်းလုပ်ကွက်ဟောင်းနေရာတွင် ယနေ့(ဇူလိုင် ၂ ရက်) နံနက် ၆ နာရီခွဲခန့်က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ နွံလှိုင်းထဲမျောပါသွားခဲ့ပြီး လတ်တလောတွင် သေဆုံးသူ ၅၀ ဦး၏ ရုပ်အလောင်းများကို ရှာတွေ့ခဲ့သည်။


ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့

ရေမဆေးကျောက်ရှာဖွေသူများမှာ အခင်းဖြစ်နေ့ နံနက်ပိုင်းက ဝှေခါကျေးရွာ၊ လခူးချောင်းရပ်ကွက်ရှိ တစ္သုံးလုံး၊ ရတနာကြယ်၊ ကျောက်မျက်ရွှေကြည်၊ ရတနာဆန်းရွှင်၊ ဧရာရတနာ စုပေါင်းလုပ်ကွက်ဟောင်း နေရာများတွင် ကျောက်ဝင်ရောက်တူးဖော်နေစဉ် မိုးရွာသွန်းမှုကြောင့် မြေစာပုံပြိုကျရာမှ နွံလှိုင်းထဲ မျောပါသွားခဲ့သည်။


ဓာတ်ပုံ- မီးသတ်တပ်ဖွဲ့

နွံလှိုင်းထဲမျောပါသွားသူ ၂၀၀ ဦးခန့်ရှိကြောင်း ဒေသခံများထံမှ သိရှိရပြီး ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံ လူမှုကူညီရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ လတ်တလောတွင် သေဆုံးသူ ၅၀ ဦး၏ ရုပ်အလောင်းများကို ဆယ်ယူနိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

S-03