News

POST TYPE

POPULAR POST

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံလူနာ၂ဦးအသက်အန္တရာယ်စိုးရိမ်ရ
05-Apr-2020


ရန်ကုန်၊ ဧပြီ ၅

ကိုရိုနာ‌ဗိုင်းရပ်စ် ကူးစက်ခံထားရသည့် လူနာအမှတ် ၁၅ နှင့် လူနာအမှတ်၁၆တို့မှာ သက်ဆိုင်ရာဆေးရုံများတွင် အထူးကြပ်မတ်ခန်း၌ ကုသနေရပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသာထွန်းကျော်ကပြောသည်။

"ရောဂါပြင်းထန်တာပေါ့ဗျာ။ရောဂါပြင်းထန်တယ်ဆိုတော့လည်း အသက်အန္တရာယ် နီးတာပေါ့။ကုသနေတာကလည်း တော်တော်လေးကိုရောဂါပြင်းပြင်းထန်အနေအထားမှာရှိတာပေါ့ဗျာ"ဟု ဒေါက်တာ‌သာထွန်းကျော်ကဆိုသည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-15) သည် ရန်ကုန်တိုင်းဒေသကြီး၊ နိုင်ငံခြားသားများကို ကျန်းမာရေးဝန်ဆောင်မှုပေးနေသော ပုဂ္ဂလိကဆေးခန်းတစ်ခုတွင် အလုပ်လုပ်ကိုင်လျက်ရှိသော ဗဟန်းမြို့နယ်၌ နေထိုင်သည့် အသက် (၄၅) နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသမီးတစ်ဦးဖြစ်ပြီး မတ်  ၂၇ရက်နေ့တွင် ဖျားခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း စသောလက္ခဏာများ ခံစားခဲ့ရသဖြင့် မတ် ၃‌၀ ရက်နေ့တွင် ဗဟန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ သွားရောက်ပြသခဲ့ရာ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးသို့ ညွှန်းပို့ခဲ့၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိ ဆေးကုသမှုဆောင်ရွက်ပြီး ဓာတ်ခွဲနမူနာအား ပေးပို့စစ်ဆေးခဲ့ရသူဖြစ်သည်။

အဆိုပါ ကျန်းမာရေး ဂန်ထမ်းအမျိုးသမီးမှ ခင်ပွန်းဖြစ်သူ ပေါက်ခေါင်းမြိုနယ် ဒုအုပ်ချုပ်ရေးမှုးနှင့် သားတစ်ဦး ၊သမီးတစ်ဦးအပါအဝင်တူမဖြစ်သူတို့ထံ ကူးစက်ခဲ့သည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူအမျိုးသမီးသည် မတ်လ ၁၅ ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ကာ(၂) ပတ်ခန့်အကြာတွင် မောပန်းနွမ်းနယ်ခြင်းခံစားခဲ့ရပြီး၊ မတ် ၃၀ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန်မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ မတ် ၃၁ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ရာ ဆီးချိုရောဂါအခံရှိသဖြင့် အထူးစောင့်ကြပ်ကုသမှုပေးလျက်ရှိ‌ နေသူဖြစ်သည်။ 

ဧပြီလ ၃ရက်နေ့မှ ၄ရက်နေ့အထိ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြည့်လူနာအသစ် ၅၈ဦးရှိကြောင်း ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန ကသတင်းထုတ်ပြန်သည်

S-09