News

POST TYPE

POPULAR POST

ပဲခူးဆေးရုံမှ စောင့်ကြည့်လူနာအမျိုးသမီး သေဆုံး
05-Apr-2020


တောင်ငူ၊ ဧပြီ ၅

ပဲခူး ဆေးရုံတွင် ဖျားနာချောင်းဆိုး၊ အသက်ရှူကြပ်သည့် လက္ခဏာများဖြင့် တက်ရောက်ကုသနေရသူ အသက် ၆၃ နှစ်အရွယ် စောင့်ကြည့်လူနာအမျိုးသမီး မှာ ယနေ့ နံနက်က သေဆုံးခဲ့သည်ဟု ပဲခူးဆေးရုံကြီးမှ သတင်းထုတ်ပြန်လိုက်သည်။

"ဆေးရုံရောက်လာတာနှစ်ရက်ကျော်ပဲ ရှိသေးတယ်။‌လတ်တလော အမျိုးသားဓာတ်ခွဲခန်းကိုပေးပို့စစ်ဆေးထားတယ်။ အဖြေထွက်လာမှ ကိုဗစ် ရောဂါရှိမရှိ သိမယ်.." ဟု ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးမြို့နယ် နန်းတော်ရာရပ်ကွက် ဥဿာ ၁၃ လမ်းနေ အ သက် ၆၃ နှစ်အရွယ်အမျိုးသမီးမှာ ဖျားခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှူခက်ခဲခြင်း၊ဝမ်းသွားခြင်း စသည့်လက္ခဏာများဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ဧပြီ ၃ ရက်နေ့က‌‌ေရာက်ရှိကာ PUI Case အဖြစ်သတ်မှတ်၍ Isolation Unit ၌ သီး ခြားခွဲခြားထားရှိ ကုသခဲ့သောလည်း ယနေ့နံနက်ပိုင်းကသေဆုံးခဲ့ခြင်းဖြစ်သည်။

ယင်းအမျိုးသမီးမှာ ပြည်ပသို့ရောက်ရှိဖူးသူမဟုတ်သည့်အပြင် နိုင်ငံခြားသားများနှင့် ထတွေ့ဆက်စပ်မှုမရှိသော်လည်း လွန်ခဲ့သည့် တစ်လခန့်က ‌ကျိုက်ထီးရိုး ပုဂံညောင်ဦး စသည့် နေရာများသို့ ဘုရားဖူးသွားဖူသည့် ရာဇဝင်ရှိထားကြောင်း ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

R-02