News

POST TYPE

POPULAR POST

အမျိုးသားတစ်ဦးဖျားနာ၍ တောင်ငူဆေးရုံတွင် ခေါ်ယူစောင့်ကြည့်၊ နိုင်ငံခြားသားတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့
04-Apr-2020
တောင်ငူ၊ ဧပြီ ၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ဆိတ်ဖူးတောင်ကျေးရွာ‌နေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးသည်။

ဧပြီလ ၃၀ ရက်နေ့က ဖျားနာလာသည့်အတွက် တောင်ငူဆေးရုံကြီးတွင်ခေါ်ယူပြီးသီးခြား‌စောင့်ကြည့်ထားကာ အဆိုပါအမျိုးသားမှာ နိုင်ငံခြားသားတစ်ဦးနှင့် ထိတွေ့မှုရှိခဲ့ကြောင်း တောင်ငူမြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

"နိုင်ငံခြားသားတစ်ဦးကို လွန်ခဲ့တဲ့နှစ်ပတ်ကျော်က ဆိတ်ဖူးတောင်ဆည်ဘက် လိုက်ပို့ဖူးတယ်" ဟု တောင်ငူမြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါအမျိုးသားသည် မတ်လ၂၄ ရက်နေ့က နိုင်ငံခြားသားတစ်ဦးကို မြတ်စောညီနောင်ဘုရားနှင့် ဆိတ်ဖူးတောင်ဆည်ဘက် လိုက်လံပို့ဆောင်ပေးခဲ့ဖူးပြီး ဧပြီလ ၃ ရက်နေ့က ဖျားနာချောင်းဆိုး ရင်ကြပ်ရောဂါကြောင့် တောင်ငူဆေးရုံကြီးသို့ခေါ်ဆောင်ကာ သီးခြားစောင့်ကြည့်နေပြီး သံသယလူနာစာရင်းမဝင်သဖြင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ မလုပ်သေးကြောင်း တောင်ငူမြို့နယ် ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

R-02